Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထီးရိုးဘုရား​တောင်တက်ဂိတ်အ​​စောင့်စစ်​ကောင်စီတပ်သားများအနီးကပ်တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း​သေဆုံးဒဏ်ရာ

စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများနှင့် အ​ကောင့်များကအဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးသည်ကိုမ​ဖော်ပြဘဲ တိုက်ခိုက်ခံရသဖြင့်ပြည်သူအချို့​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုသာ​ဖော်ပြ​နေသာ်ကိုတွ့ရသည်။

(ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး​နောက် တောင်တက်ဂိတ်စခန်းအနီးစစ်​ကောင်စီတပ်သားအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး​နောက် တောင်တက်ဂိတ်စခန်းအနီးစစ်​ကောင်စီတပ်သားအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎အတိုက်ခံရပြီး​နောက်စစ်တပ်ကရမ်းပစ်၍ပြည်သူသုံးဦး​သေဆုံးဟု​ဒေသခံအချို့​ပြော

ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်စောင့်စစ်ကောင်စီတပ်သားများအနီးကပ်အပစ်ခံရပြီး ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက် ၁၁ နာရီခန့်ကကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ စစ်​ကောင်စီတပ်၏တောင်တက်ဂိတ်စခန်းကို လက်နက်ကိုင်များကအနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခတွေခေါင်းပွင့်ပြီးသေတဲ့သူတွေရှိတယ်။ပြီးတော့ ဘုရားဖူးပြည်သူအချို့လည်း သေသွားတယ်”ဟု ဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး​နောက် တောင်တက်ဂိတ်စခန်းအနီးစစ်​ကောင်စီတပ်သားအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး​နောက် တောင်တက်ဂိတ်စခန်းအနီးစစ်​ကောင်စီတပ်သားအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ကနဦးအချက်အလက်များအရ အတိုက်ခံရပြီး​နောက်စစ်တပ်ကရမ်းသန်းပစ်ခတ်၍ ဘုရားဖူးပြည်သူ သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိကာ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနှင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားရသည်ဟုအထက်ပါ​ဒေသခံက​ပြောသည်။

Public Service Announcement

Public Service Announcement

“စခတွေရမ်းသမ်းပစ်လို့ဘုရားဖူးပြည်သူတွေသေကြတာ။ သူတို့ချည်းပဲတစ်ဖက်သတ်ရမ်းသမ်းပြန်ပစ်တာနာရီဝက်လောက်ကြာတယ်”ဟု ကျိုက်ထိုမြို့ နေသူပြည်သူတစ်ဦးက လည်း​ပြောသည်။ စစ်​ကောင်စီတပ်ကိုမည်သည့်အဖွဲ့က တိုက်ခိုက်သည်ကိုမူမသိရ​သေး​ပေ။

စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများနှင့် အ​ကောင့်များကအဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးသည်ကိုမ​ဖော်ပြဘဲ တိုက်ခိုက်ခံရသဖြင့်ပြည်သူအချို့​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုသာ​ဖော်ပြ​နေသာ်ကိုတွ့ရသည်။

တိုက်ခိုက်ခံရပြီး​နောက်တောင်တက်ဂိတ်စခန်းသို့စစ်ကောင်စီတပ်က အင်အားတိုးမြှင့်နေပြီး စစ်ကားများပါ​ရောက်လာသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ကျိုက်ထိုမြို့တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ကျိုက်ထီးရိုးဘုရားဖူးမည့် ခရီး သွားများ အနေဖြင့် သတိပြုရှောင်ရှားရန်လည်း ဒေသခံများက အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook