Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ KNU တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ် ၂၀ဦးခန့်သေဟု ထုတ်ပြန်

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️BGFတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၌ အောက်တိုဘာ ၇ရက်မှ ၁၀ရက်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

အောက်တိုဘာ ၁၀ရက်တွင် တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ဖာပွန်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို မြိ့နယ်များရှိ စစ်ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အေက်တိုဘာ ၉ရက်ကလည်း ဖာပွန်မြို့အနီး ကူးဆိပ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၁ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၈ရက် နှင့် ၇ရက်များ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၄ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၉ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

တိုက်ပွဲများ၌ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များထိခိုက် သေဆုံးမရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

ဒွယ်လိုးမြို့နယ် လေးဖိုးထ ကျေးရွာအုပ်စုသို့ BGFက လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့ရာ အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ဖာပွန်အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖာပွန် မြို့ အနေက်ဘက်ကမ်းသို့ လက်နက်ကြီးကျည် ၅လုံး ပစ်ခတ်ခဲ့ရာ ခလယ်ခိုရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး တပ်မဟာ(၅)ရဲဘော်များ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။