Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ KNU တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ် ၂၀ဦးခန့်သေဟု ထုတ်ပြန်

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️BGFတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၌ အောက်တိုဘာ ၇ရက်မှ ၁၀ရက်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

အောက်တိုဘာ ၁၀ရက်တွင် တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ဖာပွန်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို မြိ့နယ်များရှိ စစ်ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အေက်တိုဘာ ၉ရက်ကလည်း ဖာပွန်မြို့အနီး ကူးဆိပ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၁ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၈ရက် နှင့် ၇ရက်များ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၄ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၉ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

တိုက်ပွဲများ၌ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များထိခိုက် သေဆုံးမရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

ဒွယ်လိုးမြို့နယ် လေးဖိုးထ ကျေးရွာအုပ်စုသို့ BGFက လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့ရာ အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ဖာပွန်အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖာပွန် မြို့ အနေက်ဘက်ကမ်းသို့ လက်နက်ကြီးကျည် ၅လုံး ပစ်ခတ်ခဲ့ရာ ခလယ်ခိုရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး တပ်မဟာ(၅)ရဲဘော်များ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။