Connect with us

Hi, what are you looking for?

သတင်း

ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ

ခွန်အောင်ကျော်မိုးဟာ ဘားအံမြို့နယ်အတွင်းက သာမညရွာမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ကြံခိုင်ရေးပါတီဝင်အချို့က ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။

ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ
ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ

ကြံခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ်၊ ဘားအံခရိုင် ဥက္ကဋ္ဌ အသက် ၄၆ နှစ်အရွယ် ခွန်အောင်ကျော်မိုးဟာ ဒီနေ့မနက်ပိုင်းက နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ခွန်အောင်ကျော်မိုးဟာ ဘားအံမြို့နယ်အတွင်းက သာမညရွာမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ကြံခိုင်ရေးပါတီဝင်အချို့က ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။

နေအိမ်မှာ ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ ဈေးဝယ်လာသူတစ်ဦးက သေနတ်နဲ့ ၃ ချက်ပစ်ခတ်သွားတာလို့သိရပါတယ်။

ခွန်အောင်ကျော်မိုးကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ ခွန်အောင်ကျော်မိုးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ရဲ့ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာ အတွက် ဝင်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ ကြံခိုင်ရေးပါတီဝင်ဟာ နှစ်ထောင်ကျော် ရှိနေပြီလို့ ကြံခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြီးခဲ့တဲ့ ပါတီညီလာခံမှာပြောသွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။