Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုးစစ်ဆင်လာသည့် စစ်ကြောင်း မိုင်းထိ၍ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရဟု ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ထိုသို့ကျူးကျော်လာသည့် စစ်ကောင်စီတပ်များအနက် ခလရ (၂၀၇)တပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး မိုင်းထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ မြ၀တီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ် က ထိုးစစ်ဆင်လာရာ စစ်ကောင်စီတပ်သား နှစ်ဦး မိုင်းထိ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၄၄)လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့ လုံခြုံရေးယူထားသော လူခို့ဒေသသို့ ယနေ့ မနက်တွင် ကျူးကျော်လာသည်ဟု ဖော်ပြသည်။

ထိုသို့ကျူးကျော်လာသည့် စစ်ကောင်စီတပ်များအနက် ခလရ (၂၀၇)တပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး မိုင်းထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြ၀တီ – ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် တိုက်ခိုက်ခြင်း၊ ချေမှုန်းရေးတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။