Connect with us

Hi, what are you looking for?

သတင်း

ထိုးစစ်ဆင်လာသည့် စစ်ကြောင်း မိုင်းထိ၍ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရဟု ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ထိုသို့ကျူးကျော်လာသည့် စစ်ကောင်စီတပ်များအနက် ခလရ (၂၀၇)တပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး မိုင်းထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ မြ၀တီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ် က ထိုးစစ်ဆင်လာရာ စစ်ကောင်စီတပ်သား နှစ်ဦး မိုင်းထိ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၄၄)လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့ လုံခြုံရေးယူထားသော လူခို့ဒေသသို့ ယနေ့ မနက်တွင် ကျူးကျော်လာသည်ဟု ဖော်ပြသည်။

ထိုသို့ကျူးကျော်လာသည့် စစ်ကောင်စီတပ်များအနက် ခလရ (၂၀၇)တပ်ရင်းမှ စစ်ကောင်စီ တပ်သား နှစ်ဦး မိုင်းထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြ၀တီ – ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် တိုက်ခိုက်ခြင်း၊ ချေမှုန်းရေးတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။