Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖမ်းဆီးထားသည့် ဟုမ္မလင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်မိသားစုလိုက် သတင်းအစအန ပျောက်နေ

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။

(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီဖမ်းဆီးသွားသည့် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုသည် (၁၀)ရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသည်။

ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ အသက် (၅)နှစ်မှ (၁၃)နှစ်ကြား သားသမီးသုံး စုစုပေါင်း ငါးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ရက် ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဦးကျော်ဆွေဝင်းနှင့်မိသားစုကို ယနေ့( အောက်တိုဘာ ၁၄ရက်) အထိ အဆက်အသွယ်မရသေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောသည်။

“စိုးရိမ်စရာအခြေအနေကို ရောက်နေတယ်။ ကလေး‌တွေလည်း ပြန်မလွှတ်ဘူး။ အမျိုးသမီးလည်း ပြန်မလွှတ်ဘူး။ သူတို့(စစ်ကောင်စီ) လက်ထဲမှာ သတင်း အစအနပျောက်နေတယ်”ဟု ဦးကျော်ဆွေဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ဦးကျော်ဝင်းဆွေသည် အသက် (၃၅)နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။

စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား ၍ တိမ်းရှောင်နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ သို့သော် ဦးကျော်ဝင်းဆွေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာ ၁၃ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၁၂,၆၄၃ဦးအနက် ၁၅,၄၆ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့(အောက်တိုဘာ ၁၃ရက်) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။