Connect with us

Hi, what are you looking for?

သတင်း

ချီဖွေရှိရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချီဖွေရှိ ရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော
ချီဖွေရှိ ရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ရှငေါ်တံတား လုံခြုံရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်မဟာ(၇)ကနေ သူတို့ရှိတဲ့ နေရာမှာ သွားပစ်တာ။ နာရီဝက်ပဲကြာပါတယ်။ တံတားနားမှာ ပို့စ်တစ်ခုရှိတယ်။ ခလရ(၅၂၁)။ ၃ကောင်ကျတယ် အဲဒါတော့ သေချာတယ်”ဟု ကချင်ဒေသခံက ပြောသည်။

ကချင်သတင်းဌာန Kachinwaves၏ ဖော်ပြချက် တွင် ရှငေါ်တံတားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂ဦးသေ၊ တစ်ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၉ရက်ကလည်း ဆော့လောမြို့နယ် တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့ လက်နက်ခဲယမ်းများ သယ်လာသည့် ကားကို KIAက တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

“အဲဒီမှာလည်း သူတို့ ၂ကောင်ကျတယ်။ တစ်ကောင်ထွက်ပြေးသွားတယ်။ တစ်ကောင်က အရှင်ဖမ်းမိတယ်။ ပစ္စည်းနဲ့တကွ ဖမ်းမိတာ”ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့ရာ အဆက် အသွယ်မရသေးပေ။

KIA အနေဖြင့် စစ်ကိုင်းနှင့် ကချင်အစပ်ဒေသများ၌လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ရှမ်းမြောက်၌လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။