Connect with us

Hi, what are you looking for?

သတင်း

ပျူ ရှင်းလင်းရေးသွားသည့် ဗိဿနိုးတပ်နှင့် စစ်ကောင်စီအဖွဲ့ ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

သိမ်းဆည်းနိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏ သေနတ်နှစ်လတ်၊ ဓာတ်ပုံ-ဗိဿနိုး
သိမ်းဆည်းနိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏ သေနတ်နှစ်လတ်၊ ဓာတ်ပုံ-ဗိဿနိုး

▪️စစ်ကောင်စီတပ် ဖွဲ့ဝင် လေးဦးသေဆုံးပြီး လက်နက်နှစ်လတ်သိမ်းဆည်းနိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပျူစောထီးများအား သွားရောက်ရှင်းလင်းရန်ထွက်လာသည့် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ကင်းလှည့် စစ် ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး လက်နက်နှစ်လတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၆ရက်) ညပိုင်းကဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့ပူးပေါင်းကာ ပျူစောထီးရှင်းလင်းရန် ထွက်လာစဥ် ည ၉ နာရီခွဲခန့်တွင် နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ဒလန်ရှင်းလင်းရေးအတွက် အဲဒီနယ်မြေကို သွားတာပေါ့နော်။ အဲဒီမှာ ​​​​​​ွေးကင်းပတ်တာနဲ့တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ရဲဘော်က အနည်းငယ်ထိခိုက်မှု ရရှိခဲ့ပါတယ်။ ထိရှပ်ဒဏ်ရာပေါ့။ သူတို့က လှည့်ပြေးတာ။ သေတဲ့​ွေးဆိုင်ကယ်ကတော့ အန္တရာယ်များလို့ မယူခဲ့နိုင်ဘူးဗျ။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး သေနတ်၂ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြို့သစ်မြို့နယ်၊ ကနီကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အကြီးတန်းတာဝန်ခံအပါအဝင် ရဲဘော် ၆ ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။