ကြားကာလ အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ်စစ်ဆေးခြင်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုလူသူများအနေဖြင့် ယခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
ထို့ကြောင့် အခြေခံပညာ နဝမတန်း(စနစ်ဟောင်း)အထိ သို့မဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်း ပထမနှစ်အထိတက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် အသက် ၁၇ နှစ်ပြည့်ပြီးသူများ လျှောက်ထားနိုင်သည်ဟု ဆိုသည်။
“ယခုအခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲ ဖြတ်ခြင်းသည် တရားမဝင်စစ်ကောင်စီကကျင်းပသော တရားမဝင်စာမေးပွဲ မဖြေဆိုခဲ့သူများနှင့် တရားမဝင်စစ်ကောင်စီ၏စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် (လုံးဝ)အစီအစဥ်မရှိသော ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် အဆိုပါ ပြည်သူနှင့်အတူရပ်တည်သည့် ကျောင်းသားကျောင်းသူများသာ လျှောက်ထားခွင့်ရှိသည်”ဟု ဖော်ပြသည်။

ဖြေဆိုလိုသူများသည် အင်တာနက်လိုင်းရရှိပါက အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ခြင်း၊ အက်တာနက်မရရှိပါက ပညာရေးဘုတ်အဖွဲ့များမှတဆင့် မည်သည့်အခ ကြေးငွေမှ ပေးရန်မလိုဘဲ လျှောက်ထားနိုင်သည်ဟု အသိပေးသည်။

Public Service Announcement
စစ်ဆေးအကဲဖြတ်မည့်ကာလများကို ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီမှ ဧပြီလအထိ ပထမအကြိမ်၊ သြဂုတ်မှ အောက်တိုဘာအထိ ဒုတိယအကြိမ်ဟု သတ်မှတ်ထားပြီးသတ်မှတ်ဘာသာတွဲခြောက်ခုအား ပထမအကြိမ်နှင့် ဒုတိ ယအကြိမ်ပေါင်း၍ ချိန်ညှိဖြေဆိုနိုင်ကြောင်း ဖော် ပြသည်။
ဖြေဆိုရာတွင် အင်တာနက်ရရှိသောဒေသများ၌ အွန်လိုင်းမှ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကာ အင်တာနက်ခက်ခဲပြီး နယ်မြေစိုးမိုးလုံခြုံမှုရှိသော စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရှမ်းတောင်၊ ရှမ်းမြောက်နှင့် တိုင်း ရင်းသားလွတ်မြောက်နယ်မြေများ၌ မြေပြင်ဖြေဆိုခြင်းနှင့် အင်တာနက်မလို Offline Assessment Application အသုံးပြုဖြေဆိုခြင်းများပြုလုပ်နိုင်သည်ဟု သိရသည်။
ထို့အပြင်ဖြေဆိုနေစဥ်ရုတ်တရက်အင်တာနက်ပြတ်တောက်ခြင်း၊ နယ်မြေမတည်ငြိမ်မှုဖြစ်ပေါ်ခြင်းများ ကြုံတွေ့ရပါကသက်ဆိုရာဘာသာရပ်များအား ပြီးမြောက်သည်အထိ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“NUG/MOE ကနေ ကြားကာလ အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခွင့်နဲ့ပတ်သက်ပြီး ပြည်နယ် အနေနဲ့က စစ်ဘေးဒဏ်သင့် ဒေသ၊ အင်တာနက် ဆက်သွယ်မှုတွေ အဆင်မပြေပေမဲ့ ဖြေဆိုလိုတဲ့ ကလေးများကို စာရင်းကောက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂမှ ဆရာတစ်ဦးကပြောသည်။
အခုလို အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးခြင်းပြု လုပ်ပေးခြင်းသည် ကလေးများအတွက် မျော်လင့်ချက် ဆက်လက်ရရှိသွားပြီး ပြီးဆုံးကြောင်းဖြေဆိုပြိးသွားသည့်အခါ သက်ဆိုင်ရာ အဆင့်မြင့်ပညာရေး၊ သက်မွေး ပညာရေးတို့နှင့် ချိတ်ဆက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အထက်ပါ ဆရာက မှတ်ချက်ပေးသည်။
“ကျောင်းသား တွေ အနေနဲ့ကော ကျောင်းသားမိဘတွေ အနေနဲ့ကော ဒီလိုကြားကာလ တော်လှန်ရေးကာလမှ တော်လှန်ရေးအတွက်ပေးဆပ်ရင်း မိမ်တ်ု့ ပညာရေး မိမိသားသမီးဖို့ ပညာရေးအတွက် သက်ဆိုင်ရာ မြို့နယ်ဘုတ် ကျောင်းသားမဂ္ဂ အစုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ပညာသင်ကြားခွင့်ဖြေဆိုခွင့်ရရှ်ရေး အတွက် ကြိုးစားပေးကြဖို့ပြောလိုပါတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက သတင်းစကားပါးသည်။
