Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်ရှေ့ဗုံးပေါက်ကွဲပြီး အကျဉ်းဦးစီးဝန်ထမ်း သုံးဦးသေပြီး ဒဏ်ရာရသူများလည်းရှိ

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။

(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏အကျဥ်းဦးစီးမှလုံခြုံ​ရေးဝန်ထမ်းအချို့ ။ ။ဓါတ်ပုံ-AFP)
(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏အကျဥ်းဦးစီးမှလုံခြုံ​ရေးဝန်ထမ်းအချို့ ။ ။ဓါတ်ပုံ-AFP)

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့တွင် ယနေ့(အောက်တိုဘာ ၁၉)နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကျဥ်းဦးစီးဝန်ထမ်း ၃ ဦး​သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းစိန်မြို့နေသူတစ်ဦးက”ထောင်ထဲက ဂိတ်ဝက်ပေါက်မှာကို ပေါက်တာ။သေတဲ့သူများတယ်။လောလောဆယ်အတည်ပြုနိုင်တာ သုံးယောက်သေတယ်တဲ့။ပြီးတော့ ၁၀ ယောက်လောက်ဒဏ်ရာရတယ်။အကုန်လုံးက ထောင်ဝန်ထမ်းတွေ”ဟု ပြောသည်။

ယနေ့နံနက် ၉ နာရီ ၄၀ ခန့်က အင်းစိန်ဗဟိုအကျဉ်း ထောင်ဘူးဝအနီး ပါဆယ်ဗုံးနှစ်လုံးပေါက်ကွဲခြင်းဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဝန်ထမ်းခုနစ်ဦးဒဏ်ရာရကာ သုံးဦးသေဆုံးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာ News Of Myanmar တယ်လီဂရမ်ချန်နယ်က ဆို သည်။

“ပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့်အဆောက်အဦးအတွင်း၌ တစ်ကြိမ်၊ အ ဆောက်အဦးအပြင်၌တစ်ကြိမ်ဖြစ်ပြီးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ်ရာများရကြောင်းသိရသည်”ဟု NOM က ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် အင်းစိန်ထောင်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း အခါးဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။

“ခုနှစ်ချက်လောက်ရှိတယ်။အခု အင်းစိန်ထောင်နဲ့ ဆက်စပ်တဲ့လမ်းတွေကို စခတွေပိတ်ပြီး စစ် နေတယ်”ဟု၎င်းကဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခံထားရသည့်နိုင်ငံရေးအကျဥ်းသားများချုပ်နှောင်ထားသည့်အင်းစိန်ထောင်ဝန်ထမ်း များအနေဖြင့်စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ရန်မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အင်းစိန်ထောင်အနီးဝန်းကျင်၌ ပေါက်ကွဲမှု လေးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ဖမ်းဆီးခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။