Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏တပ်မ(၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦး စနိုက်ပါလက်ချက်ဖြင့်သေဆုံး၊ အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင်သေဆုံးစစ်သားထဲရာထူးအကြီးဆုံးဖြစ်

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

(​ကော်ဘရာတပ်ဖွဲဝင်များ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာတပ်ဖွဲဝင်များ။ဓါတ်ပုံ-Cobra Column)

▪︎”ဒီနည်းဗျူဟာမှူးက သုံးထပ်ကွေ့တိုက်ပွဲကနေတောက်လျှောက် တပ်ကို ဦးစီးခဲ့တာဖြစ်တယ်။ နောက်ဆုံးတော့ ညောင်ချောင်းမှာ အဆုံးသတ်သွားတာဖြစ်ပါတယ်။”

ကော်ဘရာ စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှ စနိုက်ပါ စစ်သည်တော်၏ လက်ချက်ကြောင့် စစ်ကောင်စီ၏ တပ်မ (၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးသေဆုံးခဲ့သည်ကို စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNUတပ်မဟာ (၆) အတွင်းရှိ လူခို့ ညောင်ချောင်း နေရာသို့ ကျူးကျော်ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့အား KNU လက်အောက်ခံ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့တို့က အောက်တိုဘာ ၁၉ရက် မနက် မှစ၍ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မွန်းလွဲ ၂နာရီခွဲအထိ တစ်နေ့တာလုံး နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)ဖြင့် (၄) ကြိမ် အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း တပ်မ (၄၄) လက်အောက်ခံ၊ အမှတ်(၄၄၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။ ဗိုလ်မှူးကြီး ဝင်းမင်းဦးသည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) ဆင်း၊ DSA အပတ်စဉ် (၄၂) ဖြစ်သည်ဟုဆိုသည်။

“ကော်ဘရာရဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က အခုအချိန်ထိ သေတဲ့အထဲမှာ ဒီဗျူဟာမှူးသေတာက ရာထူးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ နည်းဗျူဟာမှူးကို ကျွန်တော်တို့ဘက်က စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့တာ။ ဒါကြောင့်သေဆုံးသွားတာဖြစ်တယ်။ ဒီနည်းဗျူဟာမှူးက သုံးထပ်ကွေ့တိုက်ပွဲကနေ တောက်လျှောက် တပ်ကို ဦးစီးခဲ့တာဖြစ်တယ်။ နောက်ဆုံးတော့ ညောင်ချောင်းမှာ အဆုံးသတ်သွားတာဖြစ်ပါတယ်။”ဟု ကော်ဘရာ စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်စစ်တွင် ယခုထက်ကြီးသည့်ရာထူးအကြီးပိုင်းများလည်း လုံခြုံမည်ဟု မထင်ရန် ၎င်းက ဆက်​ပြောသည်။

“တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ပြည်သူ့မေတ္တာစူးပြီးသေမှာ အသေအချာပဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေက ဒီဟာနဲ့တင်မကဘူး ပိုလာနိုင်တယ်။ ဒီထက်ရာထူးကြီးတဲ့သူတွေ အကုန်လုံး၊ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့သူတွေ၊ ပြည်သူတွေအပေါ် မတရားလုပ်ခဲ့တဲ့သူတွေ ဒီထက်ပိုပြီး ထိခိုက်သေဆုံးတာတွေပိုများလာတယ်။ အဲဒါတော့ ပြောချင်ပါတယ်” ဟု ကိုမျိုးသူရကိုကိုက ပြောသည်။

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

ယနေ့ ညနေပိုင်းတွင် လည်း လေ့ကေ့ကော် မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား စနိုက်ဘာ ဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

KNUနယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး စစ်ကောင်စီတပ်များ လုံးပါးပါးနေပြီဖြစ်ကြောင်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။