Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏တပ်မ(၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦး စနိုက်ပါလက်ချက်ဖြင့်သေဆုံး၊ အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင်သေဆုံးစစ်သားထဲရာထူးအကြီးဆုံးဖြစ်

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

(​ကော်ဘရာတပ်ဖွဲဝင်များ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာတပ်ဖွဲဝင်များ။ဓါတ်ပုံ-Cobra Column)

▪︎”ဒီနည်းဗျူဟာမှူးက သုံးထပ်ကွေ့တိုက်ပွဲကနေတောက်လျှောက် တပ်ကို ဦးစီးခဲ့တာဖြစ်တယ်။ နောက်ဆုံးတော့ ညောင်ချောင်းမှာ အဆုံးသတ်သွားတာဖြစ်ပါတယ်။”

ကော်ဘရာ စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှ စနိုက်ပါ စစ်သည်တော်၏ လက်ချက်ကြောင့် စစ်ကောင်စီ၏ တပ်မ (၄၄) ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးသေဆုံးခဲ့သည်ကို စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNUတပ်မဟာ (၆) အတွင်းရှိ လူခို့ ညောင်ချောင်း နေရာသို့ ကျူးကျော်ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့အား KNU လက်အောက်ခံ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့တို့က အောက်တိုဘာ ၁၉ရက် မနက် မှစ၍ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မွန်းလွဲ ၂နာရီခွဲအထိ တစ်နေ့တာလုံး နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)ဖြင့် (၄) ကြိမ် အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း တပ်မ (၄၄) လက်အောက်ခံ၊ အမှတ်(၄၄၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။ ဗိုလ်မှူးကြီး ဝင်းမင်းဦးသည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) ဆင်း၊ DSA အပတ်စဉ် (၄၂) ဖြစ်သည်ဟုဆိုသည်။

“ကော်ဘရာရဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က အခုအချိန်ထိ သေတဲ့အထဲမှာ ဒီဗျူဟာမှူးသေတာက ရာထူးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ နည်းဗျူဟာမှူးကို ကျွန်တော်တို့ဘက်က စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့တာ။ ဒါကြောင့်သေဆုံးသွားတာဖြစ်တယ်။ ဒီနည်းဗျူဟာမှူးက သုံးထပ်ကွေ့တိုက်ပွဲကနေ တောက်လျှောက် တပ်ကို ဦးစီးခဲ့တာဖြစ်တယ်။ နောက်ဆုံးတော့ ညောင်ချောင်းမှာ အဆုံးသတ်သွားတာဖြစ်ပါတယ်။”ဟု ကော်ဘရာ စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်စစ်တွင် ယခုထက်ကြီးသည့်ရာထူးအကြီးပိုင်းများလည်း လုံခြုံမည်ဟု မထင်ရန် ၎င်းက ဆက်​ပြောသည်။

“တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ပြည်သူ့မေတ္တာစူးပြီးသေမှာ အသေအချာပဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေက ဒီဟာနဲ့တင်မကဘူး ပိုလာနိုင်တယ်။ ဒီထက်ရာထူးကြီးတဲ့သူတွေ အကုန်လုံး၊ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့သူတွေ၊ ပြည်သူတွေအပေါ် မတရားလုပ်ခဲ့တဲ့သူတွေ ဒီထက်ပိုပြီး ထိခိုက်သေဆုံးတာတွေပိုများလာတယ်။ အဲဒါတော့ ပြောချင်ပါတယ်” ဟု ကိုမျိုးသူရကိုကိုက ပြောသည်။

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

ယနေ့ ညနေပိုင်းတွင် လည်း လေ့ကေ့ကော် မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား စနိုက်ဘာ ဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

KNUနယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး စစ်ကောင်စီတပ်များ လုံးပါးပါးနေပြီဖြစ်ကြောင်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။