Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းဆရာကို ခေါင်းဖြတ်သတ်တဲ့စစ်ကောင်စီ အပေါ် နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အမေရိကန်တောင်းဆို

အောက်တိုဘာလ ၁၆ ရက်က ပေါက်မြို့နယ်အတွင်း တောင်မြင့်ရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး CDM ကျောင်းဆရာကို ဖမ်းဆီးသွားခဲ့တာပါ။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်တဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက ရှုတ်ချလိုက်ပါတယ်။

ကျောင်းဆရာကို စစ်တပ် ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ဖြတ်တဲ့သတင်းဟာ တုန်လှုပ်စရာဖြစ်ပြီး ရက်စက်ကြုမ်းကြုတ်တဲ့စစ်ကောင်စီ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က တွတ်စ်တာကတဆင့် ပြောလိုက်ပါတယ်။

ကျောင်းဆရာကို ခေါင်းဖြတ်သတ်တဲ့စစ်ကောင်စီ အပေါ် နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အမေရိကန်တောင်းဆို
ကျောင်းဆရာကို ခေါင်းဖြတ်သတ်တဲ့စစ်ကောင်စီ အပေါ် နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အမေရိကန်တောင်းဆို

အောက်တိုဘာလ ၁၆ ရက်က ပေါက်မြို့နယ်အတွင်း တောင်မြင့်ရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး CDM ကျောင်းဆရာကို ဖမ်းဆီးသွားခဲ့တာပါ။

နောက်တစ်ရက်မနက်ပိုင်းမှာတော့ တောင်မြင့်ရွာအလယ်တန်းကျောင်းရှေ့မှာ အလောင်းကို လာစွန့်ပစ်ထားကာ ခေါင်းကို ကျောင်းဝင်ပေါက်တံခါးမှာချိတ်ဆွဲသွားတာပါ။

သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာဟာ စာသင်သက်တမ်း ၁၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောထွန်းမိုးဖြစ်တယ်လို့သိရပါတယ်။