Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမှုတွေကို အမြန်စစ်ဆေးဖို့ စစ်ကောင်စီ စီစဉ်

စစ်ခုံရုံးတွေမှာ သက်သေတင်ပြခွင့် ၊ရှေ့နေ လိုက်ပါခွင့်မရှိပေမယ့် အထူးတရားရုံးတွေမှာတော့သက်သေတင်ပြခွင့်နဲ့ ရှေ့နေ ဌားခွင့်ရကြပါတယ်။

Photo - AFP
Photo - AFP

မန္တလေး အိုးဘိုထောင် မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကို အမြန်ဆုံးအပြီးသတ်စစ်ဆေးဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာ ထွက်လာတယ်လို့ ရှေ့နေအသိုင်းအဝိုင်းထံကနေသိရပါတယ်။

ထောင်တွင်း စစ်ကောင်စီအထူးတရားရုံးတွေမှာစစ်ဆေးနေတဲ့ နိုင်ကျဉ်းတွေရဲ့ အမှု မှာ စွပ်စွဲခံရသူဘက်က ပြတဲ့သက်သေတွေကို သတ်မှတ်ရက်အတွင်း အပြီးစစ်ဆေးဖို့ အဲဒီညွှန်ကြားစာထဲမှာပါတယ်လို့ ရှေ့နေ့တစ်ဦးကပြောပါတယ်။

” ဒီတပတ်ရယ် လာမယ့်ရှေ့တပတ်ရယ်မှာ တရားခံပြသက်သေတွေအကုန်လုံးအမြန်ဖြတ်ဖို့စာထွက်ထားတယ်”လို့ အဲဒီရှေ့နေက ဆိုပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးအတွင်း ဖမ်းမိတဲ့သူတွေကို ပြင်ပတရားရုံးမထုတ်ဘဲထောင်ထဲမှာ ရုံးဖွဲ့ကာစစ်ဆေးတာပါ။

Public Service Announcement

Public Service Announcement

ဒီလို စစ်ဆေးရာမှာ စစ်အုပ်ချုပ်ရေးနယ်မြေထုတ်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းမိသူတွေကိုတော့စစ်ခုံရုံးနဲ့ စစ်ဆေးတာလည်းဖြစ်ပါတယ်။

စစ်ခုံရုံးတွေမှာ သက်သေတင်ပြခွင့် ၊ရှေ့နေ လိုက်ပါခွင့်မရှိပေမယ့် အထူးတရားရုံးတွေမှာတော့သက်သေတင်ပြခွင့်နဲ့ ရှေ့နေ ဌားခွင့်ရကြပါတယ်။

ဒါပေမယ့် အခုတော့ နိုင်ကျဉ်းတွေဘက်က တင်ပြတဲ့သက်သေတွေကို ခပ်မြန်မြန်စစ်ဆေးပြီး အမှုကို မြန်မြန်အမိန့်ချဖို့ စစ်ကောင်စီဘက်ကခြေလှမ်းပြင်လာတာလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကိုလုပ်ပါဆောင်ရွက်နေသူ ရှေ့နေတစ်ဦးကသုံးသပ်ပါတယ်။

ဒါဟာ အမိန့်ချပြီးနောက် နိုင်ကျဉ်းတွေကို နယ်ထောင်တွေဆီ ရွှေ့ဆိုင်းလိုတာလည်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။