မန္တလေး အိုးဘိုထောင် မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကို အမြန်ဆုံးအပြီးသတ်စစ်ဆေးဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာ ထွက်လာတယ်လို့ ရှေ့နေအသိုင်းအဝိုင်းထံကနေသိရပါတယ်။
ထောင်တွင်း စစ်ကောင်စီအထူးတရားရုံးတွေမှာစစ်ဆေးနေတဲ့ နိုင်ကျဉ်းတွေရဲ့ အမှု မှာ စွပ်စွဲခံရသူဘက်က ပြတဲ့သက်သေတွေကို သတ်မှတ်ရက်အတွင်း အပြီးစစ်ဆေးဖို့ အဲဒီညွှန်ကြားစာထဲမှာပါတယ်လို့ ရှေ့နေ့တစ်ဦးကပြောပါတယ်။
” ဒီတပတ်ရယ် လာမယ့်ရှေ့တပတ်ရယ်မှာ တရားခံပြသက်သေတွေအကုန်လုံးအမြန်ဖြတ်ဖို့စာထွက်ထားတယ်”လို့ အဲဒီရှေ့နေက ဆိုပါတယ်။
စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးအတွင်း ဖမ်းမိတဲ့သူတွေကို ပြင်ပတရားရုံးမထုတ်ဘဲထောင်ထဲမှာ ရုံးဖွဲ့ကာစစ်ဆေးတာပါ။

Public Service Announcement
ဒီလို စစ်ဆေးရာမှာ စစ်အုပ်ချုပ်ရေးနယ်မြေထုတ်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းမိသူတွေကိုတော့စစ်ခုံရုံးနဲ့ စစ်ဆေးတာလည်းဖြစ်ပါတယ်။
စစ်ခုံရုံးတွေမှာ သက်သေတင်ပြခွင့် ၊ရှေ့နေ လိုက်ပါခွင့်မရှိပေမယ့် အထူးတရားရုံးတွေမှာတော့သက်သေတင်ပြခွင့်နဲ့ ရှေ့နေ ဌားခွင့်ရကြပါတယ်။
ဒါပေမယ့် အခုတော့ နိုင်ကျဉ်းတွေဘက်က တင်ပြတဲ့သက်သေတွေကို ခပ်မြန်မြန်စစ်ဆေးပြီး အမှုကို မြန်မြန်အမိန့်ချဖို့ စစ်ကောင်စီဘက်ကခြေလှမ်းပြင်လာတာလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကိုလုပ်ပါဆောင်ရွက်နေသူ ရှေ့နေတစ်ဦးကသုံးသပ်ပါတယ်။
ဒါဟာ အမိန့်ချပြီးနောက် နိုင်ကျဉ်းတွေကို နယ်ထောင်တွေဆီ ရွှေ့ဆိုင်းလိုတာလည်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
