Connect with us

Hi, what are you looking for?

သတင်း

ကိုးဆူစစ်ဆေးရေးဂိတ်အနီး ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ‌ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန် – ပုသိမ်လမ်းပိုင်းရှိ ကိုးဆူစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်မှ တာဝန်ရှိသူက ပြောသည်။

“အိမ်စီးကားလေးက လမ်းဘေးမှာ ထိုင်နေသူကိုရှောင်ရင်း ခရီးသယ်တင်ယာဥ်နဲ့မျက်နှ ာချင်းဆိုင်တိုက်မိတယ်လို့ သိရပါတယ်”ဟု ယာဉ်တိုက်မှု အခြေအနေနှင့်ပတ်သတ်၍ ၎င်းကပြောသည်။

အောက်တိုဘာ ၂၃ ရက် ညနေ ၆နာရီခွဲအချိန်ခန့်တွင် ယာဉ်တိုက်မှုသတင်းရသောကြောင့် လူနာတင်ယာဉ်နှစ်စီးနှင့်သွားရောက်ကူညီခဲ့ကြောင်း ၎င်းကဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

“အိမ်စီးကားမှာ ပါလာသူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရရပါတယ်ဗျ။သေဆုံးသူက ဒရိုက်ဘာရဲ့ဘေးမှာ ထိုင်သူဟုသိရပါတယ်။ခရီးသယ်တင်ယာဥ်ဘက်မှ လူထိခိုက်မူ မရှိပါခင်ဗျ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ‌ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

သေဆုံးသူကိုနေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

Facebook