Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်တွင် သင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံရ

လူသတ်တရားခံက ဦးကျော်စိုးလတ်ပိုင် ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများယူဆောင်ထွက်ပြေးသွားသည်ဟုလည်း အိမ်နီးချင်တစ်ဦးက ပြောသည်။

(သင်းအုပ်ဆရာ ဦးကျော်စိုးလတ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KSL/Facebook)
(သင်းအုပ်ဆရာ ဦးကျော်စိုးလတ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KSL/Facebook)

▪️တရားခံက ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ ယူဆောင်သွားဟုဆို

ပုသိမ်မြို့​တွင် ခရစ်ယာန်ဘာသာသင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံရပြီး လူသတ်တရားခံက ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်တွင် နေထိုင် သော ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးကျော်စိုးလတ်သည် စက်တင် ဘာ ၂ရက်ညက နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဆရာဦးကျော်စိုးလတ်က လူကောင်းတစ်ယောက်ပါ။ ရက်ရက်စက်စက်အသတ်ခံရတာ။ တရားဥပဒေမဲ့နေတဲ့ နောက်ဆက်တွဲ ပြဿနာကိုကြုံတာလို့ပဲ ပြောရမယ်။ အခြေအနေတွေက ဆိုးနေပါပြီ”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်စိုးလတ်သည် အသက်(၅၀)အရွယ်ရှိပြီဖြစ်ပြီး ၎င်းနေအိမ်တွင် မိခင်နှင့်အတူ နေထိုင်သူဖြစ်သည်။ အိမ်တွင် ခေါ်ယူခိုင်းစေလေ့ရှိသည့် အလုပ်သမားတစ်ဦး လက်ရှိတွင် တိမ်းရှောင်ထွက်ပြေးနေ၍ ယင်းအလုပ်သမားကို သံသယလူ အဖြစ် ဒေသခံများက ယူဆနေသည်။ ဦးကျော်စိုးလတ်၏ ဦးခေါင်းကို တူရွင်းဖြင့်ရိုက်ထားသည့်ဒဏ်ရာများ၊ ဓားဖြင့်ထိုးထားသည့်ဒဏ်ရာများအပြင် လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့် ပတ်ထားသည့် အနေအထားဖြင့် သေဆုံးနေခြင်းဟု ဒေသခံများ ပြောသည်။

Public Service Announcement

Public Service Announcement

လူသတ်တရားခံက ဦးကျော်စိုးလတ်ပိုင် ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများယူဆောင်ထွက်ပြေးသွားသည်ဟုလည်း အိမ်နီးချင်တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် သြဂုတ် ၄ရက်ကလည်း တရားလွှတ်တော်ရှေ့နေတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရပြီး လူသတ်တရားခံက ဖုန်းနှင့်ငွေကြေးများ ယူဆောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။