Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်တွင် သင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံရ

လူသတ်တရားခံက ဦးကျော်စိုးလတ်ပိုင် ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများယူဆောင်ထွက်ပြေးသွားသည်ဟုလည်း အိမ်နီးချင်တစ်ဦးက ပြောသည်။

(သင်းအုပ်ဆရာ ဦးကျော်စိုးလတ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KSL/Facebook)
(သင်းအုပ်ဆရာ ဦးကျော်စိုးလတ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KSL/Facebook)

▪️တရားခံက ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ ယူဆောင်သွားဟုဆို

ပုသိမ်မြို့​တွင် ခရစ်ယာန်ဘာသာသင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံရပြီး လူသတ်တရားခံက ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်တွင် နေထိုင် သော ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးကျော်စိုးလတ်သည် စက်တင် ဘာ ၂ရက်ညက နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဆရာဦးကျော်စိုးလတ်က လူကောင်းတစ်ယောက်ပါ။ ရက်ရက်စက်စက်အသတ်ခံရတာ။ တရားဥပဒေမဲ့နေတဲ့ နောက်ဆက်တွဲ ပြဿနာကိုကြုံတာလို့ပဲ ပြောရမယ်။ အခြေအနေတွေက ဆိုးနေပါပြီ”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်စိုးလတ်သည် အသက်(၅၀)အရွယ်ရှိပြီဖြစ်ပြီး ၎င်းနေအိမ်တွင် မိခင်နှင့်အတူ နေထိုင်သူဖြစ်သည်။ အိမ်တွင် ခေါ်ယူခိုင်းစေလေ့ရှိသည့် အလုပ်သမားတစ်ဦး လက်ရှိတွင် တိမ်းရှောင်ထွက်ပြေးနေ၍ ယင်းအလုပ်သမားကို သံသယလူ အဖြစ် ဒေသခံများက ယူဆနေသည်။ ဦးကျော်စိုးလတ်၏ ဦးခေါင်းကို တူရွင်းဖြင့်ရိုက်ထားသည့်ဒဏ်ရာများ၊ ဓားဖြင့်ထိုးထားသည့်ဒဏ်ရာများအပြင် လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့် ပတ်ထားသည့် အနေအထားဖြင့် သေဆုံးနေခြင်းဟု ဒေသခံများ ပြောသည်။

Public Service Announcement

Public Service Announcement

လူသတ်တရားခံက ဦးကျော်စိုးလတ်ပိုင် ဆိုင်ကယ်၊ဖုန်းနှင့် ငွေ​​ကြေးများယူဆောင်ထွက်ပြေးသွားသည်ဟုလည်း အိမ်နီးချင်တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် သြဂုတ် ၄ရက်ကလည်း တရားလွှတ်တော်ရှေ့နေတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရပြီး လူသတ်တရားခံက ဖုန်းနှင့်ငွေကြေးများ ယူဆောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။