Connect with us

Hi, what are you looking for?

သတင်း

အလုပ်မဖြစ်သော အာဆီယံဘုံငါးရပ်ကို သေချာခိုင်မာသည့် လုပ်ငန်းအစီအစဥ်နှင့် အစားထိုးရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ ကျော်တိုက်တွန်း

စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမည့်အစား အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပံ့ပိုးခြင်းများကို လုပ်ဆောင်ရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

(မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်)
(မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်)

မြန်မာနိုင်ငံရှိ အမျိုးမျိုးသော အကျပ်အတည်းများကို ဖြေရှင်းရန် အာဆီယံ၏ အလုပ်မဖြစ်သော ဘုံသဘောတူညီချက်ငါးရပ်အစား သေချာခိုင်မာသည့် လုပ်ငန်းအစီအစဥ် တစ်ရပ်နှင့် အစားထိုးရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း (၄၅၇)ဖွဲ့က တောင်းဆိုတိုက်တွန်းသည်။

အောက်တိုဘာလ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များထံ ပေးပို့သော အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့တို့၏ ပူးတွဲစာ၌ တောင်းဆိုခြင်းဖြစ်ပြီး အာဆီယံသည် ၎င်း၏ ထိပ်သီးအစည်းအဝေးများနှင့် တခြားအစည်းအဝေးအားလုံးတွင် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်များနှင့် နိုင်ငံရေးနှင့် မဆက်စပ်သည့် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမည့်အစား အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပံ့ပိုးခြင်းများကို လုပ်ဆောင်ရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

“စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဌရာထူးနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုဟာ အာဆီယံမှာ အဓိက မောင်းနှင်အားတစ်ခုဖြစ်လာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်”ဟု ပူးတွဲတောင်းဆိုမှုတွင် ပါဝင်သည့် ရှေ့ပြေးအသံအဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သော လပေါင်း ၂၀ အတွင်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို မရပ်မနားတောက်လျှောက် ကျူးလွန်လာခဲ့ပြီး ဘုံသဘောတူညီချက်ငါးရပ်ကို မလိုက်နာသောကြောင့် သတိပေးပြောဆိုခံရသော်လည်း အနှစ်မပါ အခွံသက်သက်သာဖြစ်သော အာဆီယံ၏ သတိပေးချက်များနှင့် “တွေ့ဆုံဆွေးနွေးမှုများ” က စစ်အုပ်စုကို အလုံးစုံသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်ရန် ပိုမိုအတင့်ရဲစေသည်ဟု အရပ်ဘက််အဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများက အာဆီယံသည် အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာအား ပြန်လည်ပြင်ဆင်ကာ အာဆီယံဥက္ကဌက အထူးသံတမန်ကို သုံးနှစ်သက်တမ်းတစ်ခါဖြင့် ရွေးချယ် ခန့်အပ်ခြင်းနှင့်အတူ အထူးသံတမန်၏ သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုလည်း ရှင်းရှင်း လင်းလင်း ချမှတ်ထားရန် တောင်းဆိုသည်။

လာမည့်နိုဝင်ဘာတွင် အာဆီယံထိပ်သီးညီလာခံကျင်းပရန်ရှိပြီး ယင်းညီလာခံမတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာ ၂၇ ရက်တွင် ဂျာကာတာ၌ မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook