Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIO တည်ထောင်ခြင်းနေ့သို့ NUGကာကွယ်ရေး ဂုဏ်ပြုသဝဏ်လွှာပို့

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - EPA
စစ်ရေးလေ့ကျင့်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - EPA

အနန့်ပါလေကြောင်း တိုက်ခိုက်ခံရမှုအပေါ် များစွာဝမ်းနည်းကြောင်းနှင့် ကချင်တော်လှန်ရေးခရီးအတွင်း ပေးဆပ်ခဲကြသူများအား ဦးညွှတ်ကြောင်း ဖော်ပြ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်မြောက်အထိမ်းအမှတ်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

KIOသည် ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုး ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံလွတ်မြောက်ရေးကို ဦးထိပ်ထားလျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်အားထုတ် ကြိုးပမ်းခဲ့သည်ကို အလေးအမြတ်ပြုကြောင်း ယနေ့(အောက်တိုဘာ ၂၅ရက်)တွင်ကျရောက်သည့် KIOနေ့ ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၃ရက်ညပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ KIO ဖွဲ့စည်းတည်ထောင်ခြင်းအကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့၍ အပြစ်မဲ့ ပြည်သူများသေဆုံးထိခိုက် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်များစွာ ဝမ်းနည်းယူကြုံးမရ ဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ကချင်တော်လှန်ရေးခရီး နှစ်ပေါင်း ၆၀ကျော်အတွင်း အသက်၊ သွေး၊ ချွေး၊ စည်းစိမ်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် ရဲဘော်များ၊ ကချင်ပြည်သူများ အားလုံးကို လေးနက်ဂုဏ်ယူစွာ ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း KIOအပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး နှင့် တိုင်းရင်းသား ပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုသည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။