Connect with us

Hi, what are you looking for?

သတင်း

KIO တည်ထောင်ခြင်းနေ့သို့ NUGကာကွယ်ရေး ဂုဏ်ပြုသဝဏ်လွှာပို့

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - EPA
စစ်ရေးလေ့ကျင့်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - EPA

အနန့်ပါလေကြောင်း တိုက်ခိုက်ခံရမှုအပေါ် များစွာဝမ်းနည်းကြောင်းနှင့် ကချင်တော်လှန်ရေးခရီးအတွင်း ပေးဆပ်ခဲကြသူများအား ဦးညွှတ်ကြောင်း ဖော်ပြ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်မြောက်အထိမ်းအမှတ်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

KIOသည် ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုး ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံလွတ်မြောက်ရေးကို ဦးထိပ်ထားလျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်အားထုတ် ကြိုးပမ်းခဲ့သည်ကို အလေးအမြတ်ပြုကြောင်း ယနေ့(အောက်တိုဘာ ၂၅ရက်)တွင်ကျရောက်သည့် KIOနေ့ ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၃ရက်ညပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ KIO ဖွဲ့စည်းတည်ထောင်ခြင်းအကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့၍ အပြစ်မဲ့ ပြည်သူများသေဆုံးထိခိုက် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်များစွာ ဝမ်းနည်းယူကြုံးမရ ဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ကချင်တော်လှန်ရေးခရီး နှစ်ပေါင်း ၆၀ကျော်အတွင်း အသက်၊ သွေး၊ ချွေး၊ စည်းစိမ်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် ရဲဘော်များ၊ ကချင်ပြည်သူများ အားလုံးကို လေးနက်ဂုဏ်ယူစွာ ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း KIOအပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး နှင့် တိုင်းရင်းသား ပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုသည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook