စစ်ကိုင်းတိုင်းအခြေစိုက် BLACK WOLF – ARMY PDF အဖွဲ့ဝင် ရဲဘော်နှစ်ဦးသည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်ရန်အတွက် မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရသည်။
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်နေစဥ် နံနက် ၁၁ နာရီခွဲတွင် မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၂)နှစ်အရွယ် ရဲဘော် စောကျော်ဇောရှိန် (ခ) ရာဇနှင့် အသက် (၂၆)နှစ်အရွယ် ရဲဘော် တီကောင်တို့သည် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း BLACK WOLF – ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် ရဲဘော် တီကောင်သည် ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ ကျဆုံးခဲ့ပြီး ရဲဘော်စောကျော်ဇောရှိန်း (ခ)ရာဇသည်လည်း ပြင်းထန်ဒဏ်ရာအား ဆေးကုသနေစဥ် ထိုနေ့ ည ၇ နာရီတွင် ကျဆုံးခဲ့ရကြောင်း BLACK WOLF – ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ ရဲဘော်နှစ်ဦးသည် (BLACK WOLF – ARMY )၌ ရဲရင့် ၊ ထူးချွန် ၊ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရဲရင့်မှု ၊ ထူးချွန်ပြောင်မြောက်မှု ၊ သတ္တိရှိမှု တို့ကို BLACK WOLF – ARMY၏ ကျန်ရဲဘော်များက အောက်မေ့အမှတ်ရလျက်ရှိကြောင်း BLACK WOLF – ARMY ပြန်ကြားရေးတာဝန်ခံက ဝမ်းနည်းစကားဆိုသည်။

Public Service Announcement
ရဲဘော်နှစ်ဦး လွတ်လပ်စွာဘဝကူးနိုင်စေရန် တပ်ဖွဲ့နှင့်မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းကိုလည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။
