Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ဗဟန်းမြို့ရှိစစ်အုပ်စုပိုင်မြေကွက်များအကွက်ချ​ရောင်းမှုအားလုံးရောင်းကုန်

ဗဟန်းရှိ မြေကွက်များရောင်းချပြီးဖြစ်သော်လည်း တောင်ဒဂုံရှိ စစ်အုပ်စုပိုင်မြေကွက်များကို ဆက်လက်ရောင်းချနေသဆဲဖြစ်၍ ​တောင်ဒဂုံရှိနွေဦးအောင်လံစီမံကန်းနှင့် မန္တလေးရှိ Spring Mandalayမြေကွက်များကို ဝယ်ယူကာ တော်လှန်ရေးကို ပါဝင်ရန်လည်း NUGကတိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ဗဟန်းမြို့ရှိစစ်အုပ်စုပိုင်မြေကွက်များအကွက်ချ​ရောင်းမှုအားလုံးရောင်းကုန်
နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ဗဟန်းမြို့ရှိစစ်အုပ်စုပိုင်မြေကွက်များအကွက်ချ​ရောင်းမှုအားလုံးရောင်းကုန်

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ဗဟန်းမြို့နယ်ရှိ စစ်အုပ်စုပိုင် မြေကွက်များကို တော်ဝင်နွေဦး စီမံကိန်းအဖြစ်ရောင်းချရာ မြေကွက်အားလုံးရောင်းချပြီးဖြစ်သည်ဟု NUG၏ စစ်အုပ်စုအိမ်ယာနှင့်မြေကွက်များ ရောင်းချရေးအဖွဲ့(EOD)က ထုတ်ပြန်ထားသည်။

​တော်လှန်​ရေးရန်ပုံ​ငွေအတွက် ရန်ကုန်မြို့တွင် စစ်အုပ်စုပိုင်မြေကွက်များကိုSpring Yangon အမည်ဖြင့်​ရောင်းချ​နေရာ ဒုတိယအကြိမ်မြောက်အဖြစ် တောင်ဒဂုံနှင့် ဗဟန်းရှိမြေကွက်ပေါင်း (၁၁၀၀)ကျော်ကို ​အောက်တိုဘာ ၂၂ ရက်မှစတင်ရောင်းခဲ့သည်။ယ​နေ့တွင်ဗဟန်းမြို့နယ်ရှိမြေကွက်များ အားလုံးရောင်းချပြီးခြင်းဖြစ်သည်ဟု EODအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုရောင်းကုန်ခဲ့သည့် ဗဟန်းမြေကွက် ၁၆၀ သည် တော်လှန်ရေးကာလအတွင်း ဒေါ်လာ ၂၈,၈၀၀ ပေးသွင်းရသည့်မြေကွက် ၁၂၀ နှင့် ဒေါ်လာ ၅၄,၀၀၀ပေးသွင်းရသည့် မြေကွက် ၄၀ ပါသည်။ ထိုမြေကွက် ၁၆၀​ရောင်းချရာမှ ဒေါ်လာ ၅သန်းခွဲကျော်ဖိုး တော်လှန်ရေးကာလအတွင်းရရှိမည်ဖြစ်သည်။

“တော်လှန်ရေးကို ပိုမိုခက်ခဲ ကြမ်းတမ်းစွာ ရှေ့ဆက်နေချိန်မှာအရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းပေးတဲ့ပြည်သူအပေါင်းကို ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်”ဟု EODအဖွဲ့က​ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗဟန်းရှိ မြေကွက်များရောင်းချပြီးဖြစ်သော်လည်း တောင်ဒဂုံရှိ စစ်အုပ်စုပိုင်မြေကွက်များကို ဆက်လက်ရောင်းချနေသဆဲဖြစ်၍ ​တောင်ဒဂုံရှိနွေဦးအောင်လံစီမံကန်းနှင့် မန္တလေးရှိ Spring Mandalayမြေကွက်များကို ဝယ်ယူကာ တော်လှန်ရေးကို ပါဝင်ရန်လည်း NUGကတိုက်တွန်းထားသည်။

“တောင်ဒဂုံက မြေကွက် ၁၀၀၀ကျော်မှာ ၃၀၀ လောက် ရောင်းဖို့ကျန်သေးတယ်။”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ရန်ကုန်မြို့ရှိ ‌စစ်အုပ်စုပိုင်မြေကွက်များကို ဒုတိယအကြိမ် အောက်တိုဘာလ ၂၂ ရက်က စတင် ရောင်းချရာတွင် ၃ နာရီအတွင်း ဒေါ်လာ ၉သန်းနီးပါးရရှိခဲ့သည်။ ပထမအကြိမ် ရန်ကုန်မြို့ရှိ စစ်အုပ်စုပိုင် မြေကွက်များရောင်းချရာတွင် ဒေါ်လာ ၁၆ သန်းကျော်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။