Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို

အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။

ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို
ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက အရက်ဆိုင်များအား လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ​နေရာတွင်ပင် သေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြေရိုင်းကျေးရွာတောင်ဘက်၌ နှစ်လုံးသုံးလုံးနှင့် အရက်ဆိုင်များကို လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ပဒေသာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့က ခြေလျင်လျှောက်လာတာပါ။ မိုင်းထိပြီးတော့ သူတို့ကိုလူနာတင်ကားတွေနဲ့ ပြန်တင်သွားပါပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။