Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို

အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။

ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို
ငါန်းဇွန်တွင် အရက်ဆိုင်များအားလိုင်းကြေးလာကောက်သည့်စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက အရက်ဆိုင်များအား လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ​နေရာတွင်ပင် သေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြေရိုင်းကျေးရွာတောင်ဘက်၌ နှစ်လုံးသုံးလုံးနှင့် အရက်ဆိုင်များကို လိုင်းကြေးလာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ပဒေသာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့က ခြေလျင်လျှောက်လာတာပါ။ မိုင်းထိပြီးတော့ သူတို့ကိုလူနာတင်ကားတွေနဲ့ ပြန်တင်သွားပါပြီ။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။