Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ဆေးဝါးနဲ့ စာပို့ခွင့် စစ်ကောင်စီပြန်ဖွင့်ပေး

ဒါပေမယ့် တစ်လ ၂ ခါ အစားအသောက် ၊အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေပေးပို့တာကိုတော့ ဆက်လက်ပိတ်ပင်ထားပါတယ်။

အိုးဘိုထောင်မှာ ဆေးဝါးနဲ့ စာပို့ခွင့် စစ်ကောင်စီပြန်ဖွင့်ပေး
အိုးဘိုထောင်မှာ ဆေးဝါးနဲ့ စာပို့ခွင့် စစ်ကောင်စီပြန်ဖွင့်ပေး

မန္တလေး အိုးဘိုထောင် မှာ ထောင်ဝင်စာပါဆယ်ဆက်လက်ပိတ်ထားပေမယ့် ဆေးဝါး ၊ ဈေးဘားငွေနဲ့ စာပို့ခွင့် စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီလို ပြန်ခွင့်ပြုတာဟာ ရက်ပိုင်းမျှသာ ရှိသေးတယ်လို့ အိုးဘိုထောင်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဒါပေမယ့် တစ်လ ၂ ခါ အစားအသောက် ၊အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေပေးပို့တာကိုတော့ ဆက်လက်ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အောက်တိုဘာလ ၁၉ ရက်က အင်းစိန်ထောင် ထောင်ဝင်စာပို့ရာနေရာအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် နိုင်ငံတဝှမ်းက အကျဉ်းထောင်အချို့မှာ ထောင်ဝင်စာ ပါဆယ်ပို့တာကို စစ်ကောင်စီက ပိတ်ထားတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် အကျဉ်းထောင်တွင်း စစ်ကောင်စီက တရားရုံးလုပ်ပြီး စစ်ဆေးနေတဲ့ တရားရုံးတွေကိုလည်း ယာယီရွှေ့ဆိုင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်