Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ် ပရိမ္မတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ PDF ရဲဘော်နှစ်ဦးနှင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ၊ စစ်အုပ်စုဘက်ကလည်း ထိခိုက်မှုရှိ

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာသို့ လေကြောင်းဖြင့်ပါ ပစ်ခတ်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ PDF ရဲဘော်နှစ်ဦး၊ ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် မြင်းခြုံခရိုင်တပ်ရင်း (၃) PDF ရဲဘော်များအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်နှစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးမှုများလည်းရှိခဲ့ကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ပရိမ္မကျေးရွာအား လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)

နံနက်၇နာရီခန့်တွင် မုံရွာ(နမခ)မှ ရဟတ်ယာဥ် သုံးစီးဖြင့် လာရောက်ကာ နှစ်စီးမှာ လူချပြီး တစ်စီးမှာ ပတ်ပတ်လည်အား ပစ်ခတ်ခြင်း၊ ကျေးရွာတွင်းသို့ ပစ်ခတ်ခြင်းများပြုလုပ်သဖြင့် လက်ရှိရထားသောစာရင်းအရ ဒေသခံပြည်သူ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ကိုနွေဦး(မြောင်)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပိတ်မိနေသော ပြည်သူများနှင့် ခုခံနေကြသော မဟာမိတ်များအားကူညီရန် မြင်းခြံခရိုင် တပ်ရင်း(၂ )နှင့်( ၁) ၊CRF မြင်းမူနှင့် 27 Revolution Force စသောညီနောင်များမှ ဝိုင်းဝန်းကူညီခဲ့သည်။

ဒဏ်ရာရပြည်သူများကို 27 Revolution Forceအဖွဲ့နှင့် တောင်သာမြေလတ်စသောအဖွဲ့များက အမြန်ကယ်ထုတ်ကာ ဆေးကုသမှုများအချိန်မီပြုလုပ်ပေးထားခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိတော့ကြောင်း ကိုနွေဦး (မြောင်)က ပြောသည်။

ပရိမ္မဘက်တွင်လည်း မြေပြင်နှင့်ဝေဟင်ပစ်ခတ်နေ၍ CDSOM၊စစ်ကိုင်းခရိုင်တပ်ရင်း(၂ )မှ တပ်ခွဲ (၃)၊တပ်ရင်း(၆)မှ တပ်ခွဲ(၃)တို့သည် ပျံဝံနေသော ရဟတ်ယာဥ်အား ပြန်လှန်ပစ်ခတ်ခြင်း၊ ကျောက်ရစ်စခန်းအား ဝင်ရောက်ပစ်ခတ်ခြင်းနှင့် စခန်းတွင်းသို့ (၄၀)မမ သုံးလုံးဖြင့်ပစ်သွင်းခဲ့ကြောင်း အဆိုပါ အဖွဲ့များက အသိပေးသည်။

“နှစ်လုံးမှာ စခန်းတွင်းကျရောက်ပေါက်ကွဲပြီး ​ွေးသေ ၃၊ ၄ကောင်ရှိပါမယ်။”ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ထိုအချိန် ရဟတ်ယာဥ် ရောက်လာသဖြင့် ရဲဘော်များလည်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထို့အပြင် ဒေသတွင်း အခြားPDFအဖွဲ့များလည်း ရောက်ရှိလာကြပြီး လက်ရှိအချိန်တွင် ပရိမ္မမှ စစ်ကောင်စီတပ်များသည် ကျောက်ရစ်ဘက်သို့ ထွက်ခွာနေကြောင်း၊ လက်နက်ကြီးများ​ဖြင့် ပတ်ပတ်လည်အား ရမ်းသမ်ပစ်ခတ်ကာ ထွက်ခွာနေပြီး ပြည်သူ့အိမ်တစ်လုံးအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုနွေဦး (မြောင်)က ပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် ကျေးရွာ ၇ရွာခန့်မှ ဒေသခံပြည်သူ ၅,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။