Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ‌ပေါင်းတည်မြို့နယ်ရှိ အုပ်ကြီးရုံးတစ်ရုံးကို တိုက်ခိုက်

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'
'နန်းထိုက်အောင်စစ်ဆင်ရေး'

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ‌ပေါင်းတည်မြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့သည်။

ပေါင်းတည်မြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အောက်တိုဘာ ၃၀ရက် ည ၈ နာရီ ၄၀မိနစ်ခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၅) နွေဦးအဖွဲ့က ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ဆေးရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ဆိုင်ကယ်(၄)စီးနှင့် ကား တစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Bago Region PDF)က ယနေ့( အောက်တိုဘာလ ၃၁ရက်) သတင်းထုတ်ပြန်သည်။

“နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ချတာ။ စစ်ကောင်စီဘက်က ထိသွားပေမယ့် ဒီမနက်အထိတော့ အတိအကျ သတင်းမရသေးဘူး”ဟု ပေါင်းတည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အောက်တိုဘာ ၂၇ရက်ကလည်း ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

Bago Region PDFသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်ကြဲချတဲ့ လေယာဉ်ဗုံးစထိမှန်လို့ ဒေသခံ ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။