Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၄၀၀ ကျော်ရှိလာ

၂၀၂၁ အာဏာသိမ်းချိန်မှ ယနေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၈၀၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၄၀၀ ကျော်ရှိလာ
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၄၀၀ ကျော်ရှိလာ

ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂၄၀၄ ဦး ရှိခဲ့ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ယနေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၈၀၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ ကြောင်းဖော်ပြသည်။

ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်ပြီး အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိကာ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၈၈) ဦး ရှိသည်ဟု AAPP က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းနှင့် အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားဖြစ်ကြောင်း အသိပေးသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက AAPP သို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ကြောင်း ဖော်ပြသည်။

ကျဆုံးအချက်အလက်များကို fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့အကြောင်းကြားနိုင်သည်ဟု AAPP က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၀) ခုထက်မနည်းရှိခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။