Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့တွင်စစ်​ကောင်စီတပ်ကမိုင်းဖြုတ်ရန်ပြင်​နေစဥ်မိုင်းကွဲ၍အရာရှိအပါအဝင် ၃ ဦး​သေ

“မိုင်းကို ဖြုတ်ဖို့ လုပ်နေရင်းကွဲသွားလို့ အသေများသွားတာ။ သေတဲ့ထဲမှာဗိုလ်တယောက်လည်းပါတယ်”ဟုPDF-ကလေးနှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDF)
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့တွင် စစ်ကောင်စီတပ်ကို ယမန်နေ့ (​အောက်တို့ဘာ ၂၁ )ကနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးကြောင်း ကလေးမြု့နယ် ပြည်သူ့ကာကွယ်​ရေးတပ်က သတင်းထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း၊ နည်းပညာတက္ကသိုလ်အနီးတွင် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်နှင့် ကလေးမြို့မြောက်ဘက်၊ မြို့ပြင် ဖောင်းကူးတံတားဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ် နှစ်စီးတို့ကို ယမတ်နေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

နည်းပညာတက္ကသိုလ်အနီးတွင် မိုင်းရှင်းရန် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ​အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီခန့်က အသင့်တပ်ဆင်ထားသည့် မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၃ ဦးသေဆုံးခဲ့သည်ဟု PDF(ကလေး)က​ဖော်ပြသည်။ ​သေဆုံးသူ သုံးဦးတွင် စစ်ကောင်စီတပ်မှ အရာရှိလည်းပါဝင်ပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

“မိုင်းကို ဖြုတ်ဖို့ လုပ်နေရင်းကွဲသွားလို့ အသေများသွားတာ။ သေတဲ့ထဲမှာဗိုလ်တယောက်လည်းပါတယ်”ဟုPDF-ကလေးနှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို PDF(ကလေး) မိုင်းအဖွဲ့က ထုတ်လုပ်ထားသည့် ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ ။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများကို၁၀မိနစ်ခန့်ပြုလုပ်ခဲ့သည်ဟုလည်းPDF(ကလေး)ကဆိုထားသည်။

ထိုအပြင်ကလေးမြို့မြောက်ပိုင်းမြို့ပြင်တွင်ဖောင်ကူးတံတားဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးကို လည်းအသင့်တပ်ဆင်ထားသည့် မိုင်း ၃ လုံးဖြင့်တိုက်ခိုက်ခဲ့သည်။ မိုင်းထိမှန်ခြင်းကြောင့် စစ်ကောင်စီကားတစ်စီး လမ်းဘေးထိုးရပ်သွားသော်လည်း ထိခိုက်သေဆုံးမှုအ​ခြေအ​နေကိုအတည်မပြုနိုင်သေးကြောင်းလည်းထုတ်ပြန်ထားသည်။

​အောက်တိုဘာ ၃၀ ရက်ကလည်း က​လေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း​ အ​ရှေ့မှ အ​နောက်သို့မောင်းနှင်လာ​​​သော စစ်​ကောင်စီတပ်ကား ၃ စီးကို ကြို့သုံးပင်ရပ်ကွက် ၊ဆင်ရွာလမ်းခွဲအနီးတွင် မိုင်းခွဲတိုက်ခိုက်ရာ ​နောက်ဆုံးကားထိမှန်၍ လမ်း​ဘေးထိုးရပ်သွားပြီး​သေဆုံးထိခိုက်သူများနိုင်​ကြောင်း က​လေးPDFကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။