Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းနယ်တွင် (ခလရ-၅၀)တပ်ကို တိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် ခြောက်ဦးထက်မနည်းသေဟုဆို

လက်ရှိတွင် ထီးလင်းမြို့နယ်ပါဝင်သည့် ယောဒေသအတွင်း စစ်ကောင်စီတပ်၏တပ်မ(၅၅) ၊(၁၁)နှင့်(၁၀၁)တို့မှတပ်ရင်းသုံးခုထက်မနည်း စစ်ကြောင်းထိုးနေ၍ ဆော-ကျောက်ထု လမ်းပိုင်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)
(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)

ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော (ခလရ-၅၀စစ်ကောင်စီတပ်အား အနီးကပ်တိုက် ခိုက်ရာ တပ်ရင်းမှူးအပါ အဝင် ခြောက်ဦးထက်မနည်းသေဆုံးကြောင်း ယောကာကွယ်ရေးတပ် -YDFထီးလင်းက ယနေ့(နိုဝင်ဘာ ၃ ရက်)တွင် ထုတ်ပြန်သည်။

ထို့ကြောင့်စစ်ကြောင်းထိုးရန်လာသည့်ပါးမျဥ်းကျေးရွာမှာပင် ညမအိပ်နိုင်ပဲ ထီးလင်းမြို့သို့ ပြန်လှည့်သွားရသည်ဟု သိရသည်။

“တိုက်ပွဲကကျားခဲရွာကိုနိုဝင်ဘာ ၁ရက်မနက်၆ နာရီလောက်မီးရှို့ပြီးတော့ အနောက် မြောက်ဘက်က ပါးမျဥ်းရွာဖက်ကိုစစ်ကြောင်း ၃ ကြောင်းခွဲပြီးစခတပ်က စစ်ကြောင်းထိုးလာတာ။စခတွေရဲ့ ရှေ့ပြေးတပ်ကို YDF ထီးလင်းက ဗျူဟာမှူးသခင်ဇော်အပါ ရဲဘော် ၁၈ယောက်အထူးကွန်မန်ဒိုအဖွဲ့က မီတာ ၅၀လောက်ပဲကွာတဲ့ အနေအထားနဲ့ အပိုင်တိုက်နိုင်ခဲ့တာ”ဟု YDF ထီးလင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)
(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ – YDF)

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သားကိုးဦးမှာ ကျည်ထိမှန်၍ နေရာတွင်ပင်လဲကျခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဲဒီထဲမှာ စခစစ်ကြောင်းမှူးပါတော့ သူတို့ ည တောင်မအိပ်နိုင်ဘဲ ထီးလင်းမြို့ပေါ်ကို ညနေပိုင်း ချက်ချင်းတက်သွားခဲ့ရတယ်။ရွာထဲနယ်မြေဝင်ရှင်းတော့သေသွားတဲ့စခပြာပုံတွေနဲ့ ရွာရဲ့အနောက်ဘက်မှာစခအလောင်းတစ်လောင်းမြေမြှုပ်ထားတာ တွေ့ရတယ်”ဟုအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ထီးလင်းမြို့ပေါ်ရောက်ရှိစဥ် ဒဏ်ရာပြင်းထန်၍ သေဆုံးသွားသည်ဟု YDF က သတ်မှတ်ထားသော စစ်ကြောင်းမှူးဆိုသူကို နိုဝင်ဘာ ၂ ရက်ကထီးလင်းမြို့ ရွှေထီးခန်းမဝင်းထဲ၌ပင့် သဂြိုလ်ခဲ့ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များကဆိုသည်။

(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)
(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ – YDF)

လက်ရှိတွင် ထီးလင်းမြို့နယ်ပါဝင်သည့် ယောဒေသအတွင်း စစ်ကောင်စီတပ်၏တပ်မ(၅၅) ၊(၁၁)နှင့်(၁၀၁)တို့မှတပ်ရင်းသုံးခုထက်မနည်း စစ်ကြောင်းထိုးနေ၍ ဆော-ကျောက်ထု လမ်းပိုင်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook