Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ

စစ်ကောင်စီတပ်သည် ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားရာ လမ်းတစ်လျှောက်တွင် ရွာသားများအား ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ
ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ

ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလအတွင်း၌ စစ်ကောင်စီတပ်မှ အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာလ(၁၄)ရက်က ကေအဲန်ယူ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ်အတွင်းသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး အထက်အင်္ဂဘိုရွာသား အသက် (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ(၁၉)ရက်တွင် စစ်ကောင်စီတပ်မှ ပျဉ်းကတိုးကုန်းကျေးနယ် ပိန္နဲကုန်းရွာ၌ အထက်အင်္ဂဘိုရွာသား အသက်(၃၀)အရွယ်ရှိသည့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ပြီး ယင်းအမျိုးသားဟာ စစ်ကောင်စီ၏ စစ်ကြောင်းနှင့်တွေ့ဆုံပြီး ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ
ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ

ထို့အတူ အောက်တိုဘာလ(၂၁)ရက်က စစ်ကောင်စီတပ်မှ ပျဉ်းကတိုးကျေးနယ်တွင် ရွှေခဲရိုးရွာသား အသက်(၆၆)နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားရာ လမ်းတစ်လျှောက်တွင် ရွာသားများအား ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က ရွာထဲဝင်ပြီးရင် လမ်းမှာတွေ့တဲ့လူတွေကို ဖမ်းတာ၊ ရွာသားတချို့ကတော့ ပြေးကြတယ်။ မပြေးဘဲ ကျန်နေတဲ့လူတွေလည်းရှိတယ်။ ဖမ်းသွားပြီး သေလားရှင်လား မသိရဘူး၊ စစ်ကြောင်းပြန်ဆင်းလို့ အလောင်းတွေ့မှ သေမှန်းသိရတာ” ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးမှ ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ
ကျိုက်ထိုတွင် တစ်လအတွင်း စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၃ ဦးအထိရှိ

ပြီးခဲ့သော အောက်တိုဘာလ(၁၃)ရက်တွင် စစ်ကောင်စီလက်အောက်ခံတပ်များဖြစ်သော တလရ(၄၈)၊ ခလရ(၅၉၉)၊ ခမရ(၅၅၉)၊ ခလရ(၄၁)၊ တပ်မ(၄၄)၊ တပ်မ(၇၇)၊ ခမရ(၂)၊ ခမရ(၂၀၇) ခလရ(၉၆)စသည့် တပ်များသည် အင်အား(၃၀၀)ခန့်ဖြင့် ကေအဲန်ယူ ကျိုက်ထိုအုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ကျိုက်ထီးရိုးအနီး ဝိဇ္ဇာတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ အထက်အင်္ဂဘို စစ်စီးကုန်းဘက်မှ တစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်း ပြည်သူပိုင်ငွေကြေးနှင့် ပစ္စည်းများခိုးယူခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသားများအား မတရားဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook