Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဟု KNDF ပြော

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF
KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၅က ယနေ့ ထုတ်ပြန်သည်။

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့ (နို၀င်ဘာ ၉ ရက်)နေ့လယ် ၁၂ နာရီ ၄မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ပြီး KNDF ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေး သည်။

KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF
KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – KNDF

“အဲဒီတိုက်ခိုက်မှုအပြင် မနေ့က ညနေပိုင်း ဒီး မော့ဆိုမှာ တိုက်ပွဲဖြစ်သွားတယ်လို့ မြေပြင် သတင်းအရ သိရတယ်။တစ်ခုရှိတာ သူတို့ဘက် က အထိနာရင် လေကြောင်း ဒါမှမဟုတ် လက်နက်ကြီးပစ်ကူ အရမ်းပေးတယ်။မနေ့ညက ဆို ဖယ်ခုံအနောက်ဖက်ခြမ်း၊ဒီး‌မော့ဆိုအရှေ့၊အနောက် ပတ်ပတ်လည် လက်နက်ကြီး နဲ့ အဆက်မပြတ်ကို စကစက ရမ်းသမ်းထုခဲ့တယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ညပိုင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဖယ်ခုံမြို့နယ် လအိကျေး ရွာသို့ ကျရောက်ခဲ့ပြီး ဒေသခံပြည်သူသုံးဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF
KNDFမှ စနိုက်ပါရဲဘော်နှင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – KNDF

“လက်နက်ကြီး ကျည်ထိတဲ့ အမျိုးသားတစ်ဦး ကတော့ စိုးရိမ်ရတယ်။နောက်ထိတဲ့သူ အမျိုး သမီးနှစ်ဦးက အသက် ၈၁ နှစ် နဲ့ ၄၄နှစ် အရွယ်ဖြစ်တယ်”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က ပြောသည်။

ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)ကလက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာများတွင် နေထိုင်ရန် မိုးဗြဲ PDF တပ်ရင်း -၂ က ယမန်နေ့ည ၈နာရီခန့်တွင် အရေးပေါ် သတိပေးချက်ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။