Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီစနစ်ဆီ ချက်ချင်းပြန်သွားရန် စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

“အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရင်နာစရာကောင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။

ကိုးကား - The Guardian၊ဓာတ်ပုံ - ရိုက်တာ
ကိုးကား - The Guardian၊ဓာတ်ပုံ - ရိုက်တာ

ဒီမိုကရေစီစနစ်ဆီ ချက်ချင်းပြန်သွားရန် စစ်ကောင်စီကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ အဆုံးမရှိသော အိမ်မက်ဆိုးများရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဒီမိုကရေစီစနစ်ဆီပြန်သွားရေးဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။

“မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို ချက်ချင်းပြန်သွားဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်ုပ် တိုက်တွန်းပါတယ်။ ဒါကပဲ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

စစ်ကောင်စီသဘောတူထားသည့် အာဆီယံ ဘုံဆုံး ဖြတ်ချက် ၅ ရပ်သည် မရှိမဖြစ်အရေးပါခဲ့ပြီး စစ်ကောင်စီသည် ယင်းကို အကောင်အထည်ဖော်ခဲ့ခြင်းမရှိသော်လည်း ဆက်လက် အသက်ဝင်နေဆဲဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

“အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရင်နာစရာကောင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် (အရပ်သားပြည်သူများကို) သတ်ဖြတ်ခြင်း၊ ထင်တိုင်းကြဲမီးရှို့မှုများကို ကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook