Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။

မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး
မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး၊ ရုံးမှတ်တမ်းများယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေး သတိပေး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးပြီး ရုံးမှတ်တမ်းများကို ယူဆောင်သွား၍ ပါတီဝင်များ လုံခြုံရေးသတိပြုကြရန် ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားများက ပြောသည်။

မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ရက်တွင် ဝင်ရောက်ဖျက်ဆီးခြင်း ဖြစ်သည်။ ရုံးတွင်ထားရှိသော ပါတီဝင်လျှောက်လွှာများအားလုံးနှင့် မှတ်တမ်းများကို ယူဆောင်သွားသည်ဟု ကချင်ပြည်နယ်မှ ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားများက ပြောသည်။

“လက်ရှိ စစ်ပွဲပြင်းထန်လျက်ရှိသော ကချင်ပြည် နယ် မိုးမောက်မြို့တွင် NLDရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ပါတီဝင်လျှောက်လွှာများအားလုံးနှင့် မှတ်တမ်းများ သယ်ယူသွားပါသည်။ပါတီဝင်ပြည်သူများ ဘေးရန်ကင်းရန် သတိထားနိုင်ရန် အကြောင်းကြားအပ်ပါသည်”ဟု ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

စစ်ကောင်စီတပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်များနှင့်အမတ်များကို ပုဒ်မမျိုးစုံတပ်၍ လိုက်လံဖမ်းဆီးနေသည်။ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း ပါတီဝင် ၁,၁၆၉ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၉၀ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒီချုပ်ပါတီက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယင်းတို့ထဲမှ ၁၉ဦးသည် နှိပ်စက်ခံရခြင်း၊ ဆေးကုသမှုမရရှိခြင်းတို့ကြောင့် သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။