Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတပ်ချုပ်၏ညီ ၊ IGE ဦး​​​နေအောင် စစ်​ကောင်စီအတွက်လက်နက်ဝယ်ရန်ရုရှားသို့သွားမည်

IGE ကုမ္ပဏီအုပ်စုမှ ဦး​နေ​အောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်​ဆွေတစ်ဦးစုစု​ပေါင်း ၆ ဦးသည် ​ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွား​ရောက်ရန် ဗီဇာ​လျှောက်ထားပြီးဖြစ်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

IGE နှင့် UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင်။ ဓါတ်ပုံ-Justice Myanmar
IGE နှင့် UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင်။ ဓါတ်ပုံ-Justice Myanmar

မြန်မာ​ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုး​အောင် ၏ ညီလည်းဖြစ် ၊ IGE ကုမ္ပဏီများအုပ်စု ပိုင်ရှင်ဖြစ်​သော ဦး​နေ​အောင် သည် ရုရှားနိုင်ငံသို့ ​ စစ်​ကောင်စီအတွက် လက်နက်ဝယ်ယူရန်သွား​ရောက်မည်ဖြစ်​ကြောင်းစစ်​ကောင်စီသတင်းရင်းမြစ်အချို့က ​ပြောသည်။

IGE ကုမ္ပဏီအုပ်စုမှ ဦး​နေ​အောင်အပါအဝင် ၅ ဦးနှင့် စင်ကာပူနိုင်ငံမှ ၎င်း၏ မိတ်​ဆွေတစ်ဦးစုစု​ပေါင်း ၆ ဦးသည် ​ရှေ့အပါတ်တွင် ရုရှားနိုင်ငံသို့ သွား​ရောက်ရန် ဗီဇာ​လျှောက်ထားပြီးဖြစ်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

“ဦးနေအောင် နဲ့ သူ့အဖွဲ့တွေနောက်အပတ်ထဲရုရှား ထွက်ဖို့ရှိပါတယ်။ လက်နက် နဲ့ နျူကလီးယား တွေသွားကြည့်ပြီး အရောင်းအဝယ်ကိစ္စလုပ်ဖို့ပါ”ဟု စစ်​ကောင်စီမှ သတင်း​ပေးတစ်ဦးက People’s Spring သို့​ပြောသည်။

ဦးနေအောင်၏ အကို ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်။ဓါတ်ပုံ-စစ်​ကောင်စီ
ဦးနေအောင်၏ အကို ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်။ဓါတ်ပုံ-စစ်​ကောင်စီ

စစ်အစိုးရလက်ထက် ဦးသန်း​ရွှေ၏ လူယုံတစ်ဦးလည်းဖြစ် ၊သက်တမ်းရှည် စက်မှူဝန်ကြီး ဦး​အောင်​သောင်း၏ သားဦး​နေ​အောင်သည် စစ်​ကောင်စီအတွက် လက်နက်ဝယ်​ပေးရန်အတွက် ရုရှားသွားရန် စီစဥ်​နေပြီမှာ.ကြာပြီဖြစ်ပြီး ယခုမှ အထ​မြောက်ခြင်းဖြစ်ကာ ရုရှားသို့သွားရန် ဗီဇာရပြီဖြစ်​ကြောင်း အထက်ပါ ရင်းမြစ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါခရီးစဥ်တွင် လက်နက်ဝယ်ယူရန် အပြင် နျူကလီယား ကိစ္စပါဝင် သည်ဟုသိရ​သော်လည်း နျူကလီယားမှာ လက်နက်အတွက်လား ၊ စွမ်းအင် ထုတ်လုပ်ရန်လားဆိုသည်ကိုမူ People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။ သို့​သော် ခရီးစဥ်တွင် စစ်​ကောင်စီအတွက် လက်နက်ဝယ်ယူရန် အစီအစဥ်ပါဝင်​သည်မှာ ​သေချာ​ကြောင်း ​စစ်​ကောင်စီမှ သတင်းရင်ူမြစ်အချို့ကအတည်ပြုသည်။

စက်တင်ဘာလက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်း​အောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်းနျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ရုရှား၏ နိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom နှင့် စစ်ကောင်စီတို့ သ​ဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထို​ကြောင့် ​ဦး​နေ​အောင် ၏ ခရီးစဥ်အတွင်း နျူးကလီးယား ကိစ္စမှာ အဆိုပါ​နောက်ဆက်တွဲလည်းဖြစ်နိုင်​ကြောင်း ​လေ့လာသူအချို့ က​ပြောသည်။

ရုရှားနှင့်သ​ဘောတူထား​သောစစ်ကောင်စီ၏အဆိုပါနျူကလီးယားစီမံကိန်းကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့်သတိထားစောင့်ကြည့်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံမှတဆင့် တောင်းဆိုထားသည်။

“သူ့အစ်ကို မိုးအောင်ကရေတပ်ချုပ်ဖြစ်နေတာနဲ့တင် ရုရှားကိစ္စက သံသယဖြစ်စရာ မရှိဘူး” ဟု ဦး​နေ​အောင်၏ ရုရှားသို့ စစ်​ကောင်စီအတွက် လက်နက်သွားဝယ်မည့်ခရီးစဥ်အ​ပေါ် IGE ကို​စောင့်ကြည့်​လေ့လာ​နေသူတစ်ဦးက မှတ်ချက်ပြုသည်။စစ်​ကောင်စီရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဦး​နေ​အောင်၏ အကိုဖြစ်သည်။

ဦး​နေ​​အောင်IGEကုမ္ပဏီသည်မင်း​အောင်လှိုင်၏စစ်​ကောင်စီလက်ထက်တွင် လုပ်ပိုင်ခွင့်များပိုမိုရရှိလာပြီး ၊စစ်ကောင်စီထံမှ ပ​ရောဂျက်များရရန် ဦး​နေ​အောင်ကိုပင် ကပ်မှ အခြားလုပ်ငန်းရှင်အချို့က ပ​ရောဂျက်ရ​သည့်အ​ခြေအ​နေပင်ဖြစ်လာ​ကြောင်းလည်း လုပ်ငန်းရှင်အချို့က​ပြောသည်။

“သန်းရွှေလက်ထက်မှာဦးတေဇကခရိုနီခေါင်ချုပ်ဆိုရင် မင်း​အောင်လှိုင်လက်ထက်မှာ ခရိုနီ​ခေါင်ချုပ်က နေအောင်လို့ ပြောလို့ရတယ်”ဟု.ရန်ကုန်မြို့ မှ လုပ်ငန်းရှင်တစ်ဦးကလည်း​ပြောသည်။

“ရုရှားကလာတဲ့ လုပ်ငန်းတွေ ပြည်တွင်းထဲ ဝင်လာတဲ့အခါမှာ နေအောင်က coordinate & facilitate လုပ်ပေးတယ်ပြောတယ်”ဟု အထက်ပါလုပ်ငန်းရှင်ကဆက်​ပြောသည်။

ထိုအပြင် Ooredoo ကုမ္ပဏီကို ​ဂျော်နသန်​​ကျော်​သောင်းဦး​ဆောင်​ခရိုနီများက လက်လွှဲဝယ်ယူရာတွင် ပြည်တွင်း၌ ဝန်​ဆောင်မှုကို ဦး​နေ​အောင်၏ ANADA ကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားသည်။ထို​ကြောင့် ဦး​နေ​အောင်သည် Ooredoo ၏ အစုရှယ်ယာပိုင်ဆိုင်ခွင့်နှင့် ဝန်​ဆောင်မှု​ပေးခွင့်ကို မကြာ​သေးမီက ရရှိထားသည်။ People’s Spring ကအထူးစုံစမ်း​ဖော်ထုတ်​ရေးသားထား​သော ” အော်ရီဒူးမြန်မာအရောင်းအဝယ်ကို အဓိကကြိုးကိုင်ခဲ့သူ”https://www.ludunwayoo.com/feature-mm/2022/10/23/57352/ ​ဆောင်းပါးတွင် အ​သေးစိပ်ဖတ်ရှုနိုင်ပါသည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်၏မိသားစု၏ ယုံကြည်မှုနှင့် ရင်းနှီးမှုရရှိထားသဖြင့် ဦး​နေ​အောင်သည် ယခုကဲသို့ စစ်​ကောင်စီကို စိတ်​ရော၊ကိုယ်ပါ ကူညီလုပ်ကိုင်​ပေး​နေခြင်းဖြစ်ပြီး ၊၎င်း၏နောက်ကွယ်တွင်မင်းအောင်လှိုင်မိသားစုနှင့်အကျိုးစီးပွားဆက်စပ်မှုများစွာရှိနိုင်​ကြောင်း ​စစ်​ကောင်စီလက်ထက်ခရိုနီများကို​စောင့်ကြည့်​လေ့လာ​နေသူတစ်ဦးက​ပြောသည်။

ဦး​နေ​အောင်သည်လုပ်ငန်းအစုံလုပ်​သောIGE ကုမ္ပဏီအုပ်စုအပြင် UAB ဘဏ် ၊ Anandaဝိုင်ဖိုင်လုပ်ငန်း စ​သောလုပ်ငန်း မျိုးစုံကိုပိုင်ဆိုင်သည်။

စစ်​ကောင်စီနှင့် ရင်းနှီး​သောဆက်ဆံ​ရေးရှိ​သော်လည်း ထိုအ​ခြေအ​နေကို မီဒီယာနှင့် ပြည်သူများကသိရှိမည်စိုး၍ ​နေပြည်​တော်တွင် မင်း​အောင်လှိုင် ဖိတ်ကြား​သော အခမ်းအနားများသို့ မလာဘဲနေတက်​ကြောင်းလည်းသိ့ရသည်။

ဦး​နေ​အောင်၏UAB ဘဏ်သည်စစ်​ကောင်စီအလိုကျ ပြည်သူများကို​ပျော်ပွဲရွှင် ပွဲများဖြင့် ​အာရုံပြောင်းနိုင်​စေရန် ပြီးခဲ့သည့်​အောက်တိုဘာလ ၃၁ ရက်က ရန်ကုန် ရှိ Time City တွင် Halloween Night ​ဈေး​ရောင်းပွဲကိုပြုလုပ်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။