Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တွင်စစ်​ကောင်စီကလမ်းဘေးသစ်ပင်များလိုက်ခုတ်နေခြင်းမှာ​လေ​ကြောင်းတိုက်ခိုက်နိုင်ရန်ဖြစ်နိုင်ကြောင်း ​ဒေသခံနှင့်PDF များယူဆ

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။

(က​​လေးမြို့ ​လေဆိပ်အနီးတစ်​နေရာကို ယခုနှစ် နှစ်လယ်ပိုင်းက​တွေ့ရစဥ်။ ။ဓါတ်ပုံ-Zalen)
(က​​လေးမြို့ ​လေဆိပ်အနီးတစ်​နေရာကို ယခုနှစ် နှစ်လယ်ပိုင်းက​တွေ့ရစဥ်။ ။ဓါတ်ပုံ-Zalen)

ကလေးမြို့နယ်အတွင်း လမ်းဘေးသစ်ပင်ကြီးများကို စစ်ကောင်စီက လိုက်ခုတ်နေခြင်းမှာပွင့်လင်းရာသီတွင် လေကြောင်းမှ တိုက်ခိုက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယူဆနေကြသည်။

ကလေး -တမူး အာရှလမ်းအကြီးအပါအဝင် ကလေးမြို့နယ်အတွင်း နေရာအများစုမှ သစ်ပင်ကြီးများကို စစ်ကောင်စီက ယခုလပိုင်းအတွင်းလိုက်ခုတ်နေသည်ကို နေ့စဥ်တွေ့နေရကြောင်း ဒေသခံများကပြောသည်။

“အပင်ကြီးတွေကို ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းကခုတ်ရှင်းနေတာ။PDF တွေ စိုးမိုးတဲ့နေရာတင်မဟုတ်တော့ဘူး။ နေရာတော်တော်များများလိုက်ခုတ်နေတာ။ လေကြောင်းကနေ ပစ်ဖို့လားလို့ သံသယဝင်နေကြပြီ။ဒီကောင်တွေ ရည်ရွယ်ချက်မပါရင်မလုပ်ဘူး။သောက်ကျင့်မကောင်းပေမယ့် ဉာဏ်များတယ်” ဟုကလေးမြို့ခံတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလမ်းဘေးသစ်ပင်များပေါ်တွင်မိုင်းထောင်၍ တိုက်ခိုက်ခဲ့ဖူးသောကြောင့် သစ်ပင်များခုတ်ခြင်းဟု သတင်းများထွက်ပေါ်ခဲ့​သေးသည်။ သို့​သော်ယခုအခါ PDFများအားကောင်းသည့်နေရာများအပြင်တစ်မြို့နယ်လုံး နေရာအများအပြားမှသစ်ပင်ကြီးများကို ခုတ်နေခြင်းဖြစ်သည်​ဟု​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီက သစ်ပင်တွေ ခုတ်နေတာလည်း တွေ့တယ်။ လေကြောင်းကနေ တိုက်မယ်လို့ သတင်းတွေလည်း ဒီရက်ထဲ ထွက်နေတယ်။ ကျွန်တော်တို့ကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာရှိပါတယ်”ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

သစ်ပင်များကိုလိုက်ခုတ်ရာတွင် စစ်ကောင်စီတပ်ကကိုယ်တိုင်မခုတ်ဘဲ ဆောက်လုပ်ရေးဌာနကို ခိုင်းစေခြင်းဖြစ်သည်။ ထို့ကြောင့် ဆောက်လုပ်ရေးဌာနမှ ဝန်ထမ်းများအ​နေဖြင့် စစ်ကောင်စီအလိုကျ လိုက်မလုပ်ကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကသတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook