Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် လက်ပန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ရွာကို မီးမရှို့မီ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ဆက်သွယ်ပြီး PDFများ ဖမ်းထားသည့် စစ်ကောင်စီတပ် သား လေးဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသည် ဟုဆိုသည်။

(ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - ပေးပို့)
(ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - ပေးပို့)

▪️PDFများ ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား လေးဦးကို ပြန်လွှတ်မပေး၍ ရွာကို မီးရှို့ခြင်းဟုဆို

မကွေးတိုင်း ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆောဒေသခံက ပြောသည်။

နိုဝင်ဘာ ၁၅ရက် နံနက် ၁၁နာရီခန့်က ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ကျောက်ထု အမြောက်တပ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဆောဒေသခံတစ်ဦးက ပြောသည်။

“၁၃ရက်နေမှာ စစ်ကောင်စီယာဉ်တန်းက ထွက် လာတယ်။ ထွက်လာပြီး ပဆုပ် ရွာနားမှာ ညအိပ် တယ်။ ဒီနေ့မနက်မှာ လက်ပန်းရွာကို ဝင်လာပြီး မီးစရှို့တယ်”ဟု ၎င်းက ဆိုသည်။

(ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - ပေးပို့)
(ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီတပ်သည် ရွာကို မီးမရှို့မီ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ဆက်သွယ်ပြီး PDFများ ဖမ်းထားသည့် စစ်ကောင်စီတပ် သား လေးဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသည် ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“မရှို့ခင် မနေ့က စကားကမ်းလှမ်းသေးတယ်။ ၂နာရီအတွင်း ကလေးတွေကို ပြန်လွှတ်မပေးရင် မီးရှို့မယ်ဆိုပြီး ကမ်းလှမ်းထားတယ်။ ကျွန်တော် တို့ကလည်း လွှတ်ပေးဖို့ကလည်း ညှိလို့က အဆင်မပြေဘူး” ဟု ဆောဒေသခံက ပြောသည်။

စစ်ကောင်စီတပ်မှ တပ်သား လေးဦးသည် အသက်မပြည့်သေးသူများဖြစ်ပြီး စစ်ကြောင်းထိုးစဉ် ကျေးရွာများမှ ခိုးလာသည့် ရွှေများကို လာရောင်းရာ နိုဝင်ဘာ ၉ရက်တွင် ၎င်းတို့အား PDFများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့အထဲမှာ နေ့တိုင်း စစ်ကြောင်းထိုးတွေလိုက်နေရတာ အသက်ကလည်း မစေ့သေးဘူး။ ၁၆နှစ်ကလေး အကြီးဆုံးပဲ။ လေးယောက်ပြေးလာတာ။ သူတို့က အဲဒီ လေးယောက်ကို လွှဲပေးဖို့ပြောတယ်။ သူတို့ကလည်း ရွာတွေမှာ ခိုးလာခဲ့တယ် ရွှေပါလာခဲ့တယ်။ ရွှေကို ပန်းတိမ်ဆိုင်တွေမှာ သွားရောင်းတာ ရွှေက အတုဖြစ်နေတာ။ ကလေးတွေက အဲဒါ ကျွန်တော်တို့ PDFနဲ့ သွားတွေ့တာ။ အခု ထိန်းသိမ်းထားတယ်”ဟု ဆောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၈ရက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ပြည်သူ့ကာကွယ်ရေးတပ်များ၏ မောင်းပြန်သေနတ် ၃လက် အပါအဝင် လက်နက် ၈လက် သိမ်းဆည်းခံခဲ့ရ၍ ယင်းလက်နက်များအနက် မောင်းပြန်သေနတ် များနှင့် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လဲလှယ်ရန် PDFများဘက်က ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကမ်းလှမ်းချက်ကို စစ်ကောင်စီတပ်က လက်မခံကြောင်း ဆော PDF တပ်ဖွဲ့ဝင်က ပြောသည်။

ထိုသို့ ညှိနှိုင်းမရသည့် အခြေအနေတွင် စစ်ကောင်စီတပ်ကလက်ပန်းရွာကို ယနေ့ ဝင်ရောက် မီးရှို့လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုလောလောဆယ် အိမ်ခြေ ၃၀လောက်တော့ ကျော်နေပြီထင်တယ်။ သူတို့ကတော့ ရောက်တဲ့နေရာ မီးရှို့တာကိုး စစ်ကောင်စီအလုပ်ကတော့။ ရွာတွေရောက်ရင် ခိုးတယ်။ ဆန်တွေ၊ ရိက္ခာတွေယူတယ် အဝတ်အစားတွေယူတယ် အခြေအနေမကောင်းရင် မီးရှို့ခဲ့တယ်။ ကောင်းတဲ့အလုပ်ကိုတော့ သူတို့ ဘယ်နေရာမှာ မလုပ်ပါဘူး သူတို့ စစ်ကောင်စီတွေက”ဟု ဆော PDF တပ်ဖွဲ့ဝင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

Facebook