Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်း လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး

ယင်းသတ္တုတူးဖော်ရေးမိုင်းစခန်းသည် မကြာခင်က အသစ်ထပ်မံပြုပြင်ထားပြီး လုပ်ငန်းပြန်လည်ပတ်သည်မှာ ရက်ပိုင်းခန့်သာရှိသေးကြောင်း၊ ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားများ ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး
လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ မိုင်းတွင်းလုပ်ငန်းခွင်ရှိ တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးရှိ သတ္တုမိုင်းလုပ်ကွက်စခန်းတစ်ခုအား ယနေ့ နိုဝင်ဘာလ(၁၆)ရက် နံနက်(၁)နာရီ မိနစ်(၄၀)ခန့်ကပြီး စစ်ကောင်စီတပ်၏ ဖိုက်တာဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းစခန်းအတွင်းတွင်ရှိသည့် တရုတ်နိုင်ငံသား (၃) ဦး သေဆုံးခဲ့ကာ (၈)ဦး ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး
လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး

ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ဘုရားသုံးဆူမြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံတွေက ပြောကြသည်။

ယင်းသတ္တုတူးဖော်ရေးမိုင်းစခန်းသည် မကြာခင်က အသစ်ထပ်မံပြုပြင်ထားပြီး လုပ်ငန်းပြန်လည်ပတ်သည်မှာ ရက်ပိုင်းခန့်သာရှိသေးကြောင်း၊ ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားများ ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

Public Service Announcement

Public Service Announcement

လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး
လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး

ပြီးခဲ့သော အောက်တိုဘာလ(၆)ရက်ကလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေဖြစ်သည့် ဘုရားသုံးမြို့အနီး မက္ကသာကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သေးပြီး ဗုံးကြီးကျောင်းဆောင်ထိမှန်ပျက်စီးသွားခဲ့သလို နိုဝင်ဘာလ(၁၂)ရက်နှင့် (၁၅)ရက်တွင်မှာလည်း ချောင်းနှစ်ခွကျေးရွာနှင့် လွတ်ရှမ်းရွာအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

တပ်မဟာ (၆) နယ်မြေအတွင်းတွင်ရှိသော စစ်ကောင်စီတပ်၏ တပ်စခန်းနှင့် ရဲစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများလုပ်ဆောင်ခဲ့ပြီး နှစ်ဖက်စစ်ရေးအခြေအနေပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။