Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တောဆင်ရိုင်းအနင်းခံရ၍ သေဆုံး

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

(လူမူဖူလုံရေး ထောက်ပံ့ကြေးငွေပေးအပ်နေစဥ်၊ ဓာတ်ပုံ - CJ)
(လူမူဖူလုံရေး ထောက်ပံ့ကြေးငွေပေးအပ်နေစဥ်၊ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေချိန် တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးသွားကြောင်း သစ်တောဝန်ထမ်းအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

” ဖြစ်တာက အောက်တိုဘာလထဲမှာဗျ။ ဆင်ရိုင်းမောင်းရင်း ဆင်ရိုင်းက အန္တရာယ်ပြုတာ။ နင်းသတ်သွားတာ။ ဒီနေ့တော့ သူ့အတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးဆိုပြီး လာပေးတယ်” ဟု ပုသိမ်မြို့မှ သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

ဦးမောင်မောင်စိုးအတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉၀ကို ပုသိမ်မြို့သစ်တောရုံးတွင် ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်)တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဦးမောင်မောင်စိုးသည် ပုသိမ်မြို့နယ်၊ ဆင်ဝိုင်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင်တာဝန်ဆက်လက်ထမ်း​ဆောင်​နေ​သော Non CDM သစ်တောဝန်ထမ်းတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း နှစ်(၂ဝ)ခန့်အတွေ့အကြုံရှိသည်ဟု ၎င်း၏ မိတ်ဆွေအချို့ကပြောသည်။

ဆင်ဖြူတော်ကိုလိုက်ရှာကြရန်ဖိအား​ပေး​နေ​သော အာဏာသိမ်း စစ်​​ကောင်စီက သစ်တောနယ်မြေများအတွင်း ဆင်ဖြူတော်ရှာခိုင်းသည့်အတွက်လည်း စိတ်ပျက်ရကြောင်း သစ်တောဝန်ထမ်းအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook