Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တောဆင်ရိုင်းအနင်းခံရ၍ သေဆုံး

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

(လူမူဖူလုံရေး ထောက်ပံ့ကြေးငွေပေးအပ်နေစဥ်၊ ဓာတ်ပုံ - CJ)
(လူမူဖူလုံရေး ထောက်ပံ့ကြေးငွေပေးအပ်နေစဥ်၊ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စစ်​ကောင်စီဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေချိန် တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးသွားကြောင်း သစ်တောဝန်ထမ်းအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

” ဖြစ်တာက အောက်တိုဘာလထဲမှာဗျ။ ဆင်ရိုင်းမောင်းရင်း ဆင်ရိုင်းက အန္တရာယ်ပြုတာ။ နင်းသတ်သွားတာ။ ဒီနေ့တော့ သူ့အတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးဆိုပြီး လာပေးတယ်” ဟု ပုသိမ်မြို့မှ သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

ဦးမောင်မောင်စိုးအတွက် လူမူဖူလုံရေး ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉၀ကို ပုသိမ်မြို့သစ်တောရုံးတွင် ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်)တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဦးမောင်မောင်စိုးသည် ပုသိမ်မြို့နယ်၊ ဆင်ဝိုင်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင်တာဝန်ဆက်လက်ထမ်း​ဆောင်​နေ​သော Non CDM သစ်တောဝန်ထမ်းတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း နှစ်(၂ဝ)ခန့်အတွေ့အကြုံရှိသည်ဟု ၎င်း၏ မိတ်ဆွေအချို့ကပြောသည်။

ဆင်ဖြူတော်ကိုလိုက်ရှာကြရန်ဖိအား​ပေး​နေ​သော အာဏာသိမ်း စစ်​​ကောင်စီက သစ်တောနယ်မြေများအတွင်း ဆင်ဖြူတော်ရှာခိုင်းသည့်အတွက်လည်း စိတ်ပျက်ရကြောင်း သစ်တောဝန်ထမ်းအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။