Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကခင်ဦးနယ်သာမက ရွှေဘိုဘက်ပါကူး၍ ​ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေ

ခင်ဦးမြို့နယ် ၈ရွာခန့်နှင့် ရွှေဘိုမြို့နယ် ၄ရွာခန့် လူဦးရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရသောကြောင့် အနွေးထည်၊စောင်များ ပိုမိုလိုအပ်လာပြီး စားစရာများ အခက်အခဲဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎ထွက်ပြေးတိမ်းရှောင်ပြည်သူ နှစ်သောင်းခန့်ရှိလာပြီး စားနပ်ရိက္ခါနှင့် အနွေးထည်၊ စောင်များ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲထိုးပြီးခင်ဦးမြို့နယ်သာမကရွှေဘိုနယ်ရှိ ကျေးရွာများကိုပါ ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

နိုဝင်ဘာလ ၁၈ ရက်ညနှင့် နိုဝင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊ပေါင်းလဲကုန်းကျေးရွာရှိ ပြည်သူများ၏နေအိမ်များကို နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့​သောစစ်တပ်သည် ယနေ့ (နိုဝင်ဘာလ၂၀ရက် )နံနက်ပိုင်းတွင် ရွှေဘိုမြို့နယ် မြောက်ခြမ်း လိပ်ရကုန်းကျေးရွာနှင့် လက်ပံကြီးရွာတို့အား လက်နက်ကြီးငယ်များ ရမ်းသမ်းပစ်ခတ်အကြမ်းဖက်ဝင်ရောက်ခဲ့ပြီးမီးရှို့ခဲ့ကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ယနေ့တစ်ရက်ထဲလိပ်ရကုန်းရွာနဲ့ လက်ပံကြီးရွာမီးဆက်ရှို့ခြင်းဖြစ်ပါတယ်။ပေါင်းလဲကုန်းရွာထဲလည်းကျန်ပါသေးတယ်။ ရွာပြန်ကပ်လို့မရသေးဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement
Public Service Announcement

တဖက်တွင်လည်း ခင်ဦးနယ်အတွင်းသို့ကန့်ဘလူနယ်ဘက်မှလာသည့်စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းထိုးနေပြီး ယနေ့နံနက်ပိုင်းက ခင်ဦးနယ်၊ နှဲတွင်းရွာ၊ ဆီဆုံလေးရွာဝန်းကျင်၌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဘုန်းကြီးကျောင်းအတွင်းစစ်ရှောင်များထံမှအဖိုးတန်လက်ဝတ်ရတနာများအားလုယူသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်နိုဝင်ဘာလ၁၅ရက်နေ့တည်းက ရေဦးမြို့မှ အင်အား ၁၀၀ခန့်ဖြင့် ခင်ဦအနောက်တောင်ခြမ်း ကျေးရွာများအားတောက်လျှောက်စစ်ကြောင်းထိုးဖျက်ဆီး​နေခြင်းဖြစ်သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ် ၈ရွာခန့်နှင့် ရွှေဘိုမြို့နယ် ၄ရွာခန့် လူဦးရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရသောကြောင့် အနွေးထည်၊စောင်များ ပိုမိုလိုအပ်လာပြီး စားစရာများ အခက်အခဲဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီက​နေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook