Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကခင်ဦးနယ်သာမက ရွှေဘိုဘက်ပါကူး၍ ​ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေ

ခင်ဦးမြို့နယ် ၈ရွာခန့်နှင့် ရွှေဘိုမြို့နယ် ၄ရွာခန့် လူဦးရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရသောကြောင့် အနွေးထည်၊စောင်များ ပိုမိုလိုအပ်လာပြီး စားစရာများ အခက်အခဲဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎ထွက်ပြေးတိမ်းရှောင်ပြည်သူ နှစ်သောင်းခန့်ရှိလာပြီး စားနပ်ရိက္ခါနှင့် အနွေးထည်၊ စောင်များ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲထိုးပြီးခင်ဦးမြို့နယ်သာမကရွှေဘိုနယ်ရှိ ကျေးရွာများကိုပါ ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

နိုဝင်ဘာလ ၁၈ ရက်ညနှင့် နိုဝင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊ပေါင်းလဲကုန်းကျေးရွာရှိ ပြည်သူများ၏နေအိမ်များကို နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့​သောစစ်တပ်သည် ယနေ့ (နိုဝင်ဘာလ၂၀ရက် )နံနက်ပိုင်းတွင် ရွှေဘိုမြို့နယ် မြောက်ခြမ်း လိပ်ရကုန်းကျေးရွာနှင့် လက်ပံကြီးရွာတို့အား လက်နက်ကြီးငယ်များ ရမ်းသမ်းပစ်ခတ်အကြမ်းဖက်ဝင်ရောက်ခဲ့ပြီးမီးရှို့ခဲ့ကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ယနေ့တစ်ရက်ထဲလိပ်ရကုန်းရွာနဲ့ လက်ပံကြီးရွာမီးဆက်ရှို့ခြင်းဖြစ်ပါတယ်။ပေါင်းလဲကုန်းရွာထဲလည်းကျန်ပါသေးတယ်။ ရွာပြန်ကပ်လို့မရသေးဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement
Public Service Announcement

တဖက်တွင်လည်း ခင်ဦးနယ်အတွင်းသို့ကန့်ဘလူနယ်ဘက်မှလာသည့်စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းထိုးနေပြီး ယနေ့နံနက်ပိုင်းက ခင်ဦးနယ်၊ နှဲတွင်းရွာ၊ ဆီဆုံလေးရွာဝန်းကျင်၌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဘုန်းကြီးကျောင်းအတွင်းစစ်ရှောင်များထံမှအဖိုးတန်လက်ဝတ်ရတနာများအားလုယူသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်နိုဝင်ဘာလ၁၅ရက်နေ့တည်းက ရေဦးမြို့မှ အင်အား ၁၀၀ခန့်ဖြင့် ခင်ဦအနောက်တောင်ခြမ်း ကျေးရွာများအားတောက်လျှောက်စစ်ကြောင်းထိုးဖျက်ဆီး​နေခြင်းဖြစ်သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ် ၈ရွာခန့်နှင့် ရွှေဘိုမြို့နယ် ၄ရွာခန့် လူဦးရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရသောကြောင့် အနွေးထည်၊စောင်များ ပိုမိုလိုအပ်လာပြီး စားစရာများ အခက်အခဲဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...