Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ဗဟင်းရဲစခန်းနှင့် ရွာအိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးသွား

စစ်ကောင်စီတပ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားရှိ (ဒေသအခေါ်) ဥသျှစ်ခင်တွင်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ချန်ထားခံခဲ့ရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ်၊ ဗဟင်းကျေးရွာနှင့်ရဲစခန်းအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်
ချန်ထားခံခဲ့ရသော လေဖြတ်လူနာ ရဲဒုတပ်ကြပ်၊ ဗဟင်းကျေးရွာနှင့်ရဲစခန်းအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်

▪️စခန်းရှိ လေဖြတ်နေသည့် ရဲဒုတပ်ကြပ်ကို ကျပ်တစ်သောင်းပေး ချန်ထားခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ခွာသွားပြီး အဆိုပါစခန်းရှိ လေဖြတ်နေသည့် ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ်တစ်သောင်းဖြင့် ချန်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်)က စစ်ကောင်စီတပ် သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဗဟင်းရဲစခန်းရှိ လေဖြတ်နေသော ​ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ဆိုသူကို စစ်ကောင်စီတပ် က ကျပ်တစ်သောင်းပေးအပ်ကာ စခန်း၌ ချန်ထားရစ်ခဲ့ပြီး ၎င်းအား ဒေသတွင်း PDFများက စောင့်ရှောက်ထားကြောင်း ဒေသခံများက ပြောသည်။

“သူကလေဖြတ်နေတာ။ ဗဟင်းစခန်းရဲ့တောင်ဘက် မန်ကျည်းကန်ရွာမှာ တုတ်ထောက်သွားနေတာ မေးရင်းနဲ့မိတာ။ မိလာတော့ သူ့ကိုတော့ စခန်းမှူးက ပိုက်ဆံတစ်သောင်းထားပေးခဲ့တယ်တဲ့။ ဆေးပင်စင်ရအောင်လုပ်ပေးမယ် အခုတော့ မင်းလွတ် ရာသာသွားတော့ဆိုပြီး ထားခဲ့တော့ ကျွန်တော်တို့နဲ့မိတာ။ ကျွန်တော်တို့က သူ့ရဲ့အချက်အလက်တွေ စစ်ဆေးပြီးခါမှ ကျွန်တော်တို့အထက်က ခရိုင်အဖွဲ့တို့ တိုင်းအဖွဲ့တို့ဆီကို စစ်သုံ့ပန်းအဖြစ်နဲ့ အပ်လိုက်မှာပါ။”ဟု မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင်ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ယမန်နေ့နံနက်ပိုင်းကတည်းက ဗဟင်းရဲစခန်းနှင့် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ညပိုင်းအထိ လောင်ကျွမ်းခဲ့သည်။

စစ်ကောင်စီတပ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားရှိ (ဒေသအခေါ်) ဥသျှစ်ခင်တွင်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။