Connect with us

Hi, what are you looking for?

သတင်း

ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်အုပ်စုအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက် – နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၂၂ ရက်) နံနက် ၁၀ နာရီကျော်က ပုလဲမြို့ပေါ် ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲများအား ဒေသတွင်း PDFများပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ထွေအုပ်ရုံးအတွင်းသို့ ပစ်ခက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးနှစ်လုံးထိမှန်သွားကြောင်း ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ယာယီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ESCAPEက အသိပေးသည်။

ထို့အပြင် ရှေ့ထွက်မိုင်းများပါဆွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁၀မိနစ်ခန့်သာရှိသော်လည်း စစ်အုပ်စုဘက်က အကျအဆုံးရှိနိုင်ကြောင်း ရဲဘော် ESCAPEက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ရဲဘော်ချစ်ငယ် ဦးဆောင်သော ယင်းမာပင်ရိုင် တပ်ရင်း -၁၀ (ဒေါင်းနက် -နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့)နှင့် တပ်ရင်း -၈(ပုလဲဂျိုကာအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုလဲမြို့ပေါ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ရှိ စစ်အုပ်စုအား ဒေသတွင်းPDFများက မကြာခဏတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။