Connect with us

Hi, what are you looking for?

သတင်း

တမူး-ခမ်းပတ်လမ်းကိုပြန်ဖွင့်၊ ခမ်းပတ်-က​လေးလမ်းပိုင်းကိုပိတ်ထားဆဲ

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

(တမူး-က​လေးလမ်းပိုင်းတွင် ယခုနှစ် သြဂုတ်လက လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-တမူးPDF)
(တမူး-က​လေးလမ်းပိုင်းတွင် ယခုနှစ် သြဂုတ်လက လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-တမူးPDF)

တမူး-က​လေးအာရှလမ်း​မကြီးပေါ်မှ တမူး-ခမ်းပတ်မြို့အထိလမ်းပိုင်းကို ပြည်သူလူထု၏ စားဝတ်နေရေး၊ ကုန်စည်စီးဆင်းမှုများစသည့်တို့ အခက်အခဲများ မဖြစ်ပေါ်စေရန် နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်​ရေးတပ်မ​တာ်- PDF(တမူး) တပ်ရင်း -၃ထုတ်ပြန်သည်။

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

တမူးPDF တပ်ရင်း-၃ သည် အဆိုပါလမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ရေးတင်းမာမှုအခြေအနေနှင့် စစ်​ကောင်စီတပ်က လက်နက်များသယ်​ဆောင်မည်သတင်းများကြောင့် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိလမ်းကိုယာယီပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုက ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ကုန်သည်စီးဆင်းမှု အခက်အခဲများ မဖြစ်ပေါ်စေရန် တမူး-ခမ်းပတ်လမ်းကို နိုဝင်ဘာ ၂၂ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်ဟု PDF(တမူး)တပ်ရင်း-၃ က ယမန်​နေ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“တမူးနဲ့ ခမ်းပတ်ကြားပဲ သွားလို့ရတာပါ။ ကလေးမြို့ကနေ ခမ်းပတ်မြို့အထိ ပိတ်ထားဆဲပါ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ရုရှားမှ သယ်ယူလာသည်ဆို​သော လက်နက်များကိုအိန္ဒိယနိုင်ငံမှတစ်ဆင့် နယ်စပ်လမ်း​ကြောင်းမှ တမူး၊ ကလေးမြို့ သို့စစ်ကောင်စီက အရပ်သားကား ၁၄ စီးဖြင့် သယ်ယူနေပြီး ကလေး-တမူးလမ်းတလျောက် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

“မနက်(နိုဝင်ဘာ ၂၂ ရက်)ကတော့ ခမ်းပတ်မြို့ကို ရောက်တယ်လို့ သတင်းရပါတယ်ဗျ”ဟု PDF(တမူး) တပ်ရင်း-၃ တာဝန်ရှိသူကပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းကို PDF(တမူး)တပ်ရင်း-၃ က နိုဝင်ဘာ ၂၀ တွင်ပဒေသာမိုင်းဖြင့် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့သည်ဟုအထက်ပါတာဝန်ရှိသူဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပက်သက်၍အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယ​နေ့(​မေ ၁၉) ညတွင်သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။