Connect with us

Hi, what are you looking for?

သတင်း

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

ကမ္ဘောဒီးယားမှာကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကိုတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

ယခင်ကတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခွင့်ရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မှာ အွန်လိုင်းကတစ်ကြိမ် ၊ ၂၀၂၂ ခုနှစ်အတွင်း ဖနွမ်းပင်မှာကျင်းပတဲ့အစည်းအဝေးကို လူကိုယ်တိုင်တစ်ကြိမ် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဟာတက်ရောက်ထားတာပါ။

Public Service Announcement

Public Service Announcement

မြန်မာပြည်တွင်းမှာ ပြည်သူတွေအပေါ် စစ်ကောင်စီ ရဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေ ၊ ရွာတွေကိုမီးရှို့တာတွေ ၊ရက်စက်ကြမ်းကြုတ်တဲ့သတ်ဖြတ်မှုတွေ ပြုလုပ်နေချိန် စစ်ကောင်စီကို အစည်းအဝေး တက်ခွင့်ပေးတဲ့အပေါ် အာဆီယံဟာ ဝေဖန်မှု ပြင်းပြင်းထန်ထန်ကြုံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ကို အစည်းအဝေးတက်ခွင့်ပိတ်ပင်တာ အာဆီယံက လုပ်ဆောင်လာတာပါ။

မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း အာဆီယံ ရဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ကိုယ်စားပြု တက်ရောက်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။