Connect with us

Hi, what are you looking for?

သတင်း

NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီချ

နိုဝင်ဘာလ ၂၂ ရက် မှာ ပုသိမ်ထောင်တွင်းစစ်ကောင်စီတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်ချခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
FILE PHOTO: A supporter of National League for Democracy (NLD) party holds a flag on the top of a boat as he takes part in a rally ahead of a November 8 general election, amid the coronavirus disease (COVID-19) outbreak in the Yangon river, Myanmar, October 28, 2020. REUTERS / Shwe Paw Mya Tin

နိုင်ငံရေးအကျဉ်းသားအနည်းငယ် လွှတ်ပေးပြီး ရက်ပိုင်းအကြာမှာတင် စစ်ကောင်စီဟာ NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပုသိမ်အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ စီချလိုက်ပါတယ်။

ထောင်ဒဏ် နှစ် ၂၀ စီချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုသိမ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ် ၊ သာပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ၊ သာပေါင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးတို့ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက် မှာ ပုသိမ်ထောင်တွင်းစစ်ကောင်စီတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်ချခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

သူတို့ ၃ ဦးကို အာဏာသိမ်းပြီး တစ်လအကြာ တိမ်းရှောင်နေတဲ့နေရာမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

NLD ပါတီရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထားချိန်ကာလအတွင်း ၂ ဦး ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။