Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ကျောက်စိမ်းတင်ယာဥ်အပါအဝင် စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

(နိုဝင်ဘာ ၂၃ ရက်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa ရဲဘော်များအား တွေ့ရစဥ်)
(နိုဝင်ဘာ ၂၃ ရက်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ကျောက်စိမ်းတင်ယာဥ်တန်းအပါ အဝင် စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာ၂၅ ရက်)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော ကျောက်စိမ်းကားကြီး လေးစီးနှင့် နောက်မှကပ်ပါလာသော ကင်းကား တစ်စီးအား ပဒေသာမိုင်း (၇)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် လေးစီးမြောက်ယာဉ်နှင့် နောက်ဆုံး ကင်းကားအား တည့်တည့်ထိပြီး ငါးဦးသေ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော စစ်ကား နှစ်စီးသည် မိုင်းအသင့်ပြင်ထားရာနေရာအရောက် ကားများရပ်တန့်ခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် ကင်းပုန်းများလည်း ၃၀ကျော်ခန့် ချထားသည်။

Public Service Announcement

Public Service Announcement

ထိုအချိန် ပဒေသာမိုင်း လေးလုံးခွဲကာ တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးလုံးနှင့် ကင်းပုန်းဝပ် စစ်ကောင်စီတ​ပ်ဖွဲ့ဝင် ၁၀ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၂၀ဝန်းကျင် ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

“ပထမဖြစ်စဥ်က ကျောက်စိမ်းတင်လာတဲ့ကားတွေပါ။ ဒုတိယဖြစ်စဥ်မှာ မိုင်းဆင်ထားတဲ့နေရာ ကားတွေရပ်လိုက်တာက မသိလို့ပဲဖြစ်မှာပါဗျ။ပွိုင့်ပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေချထားတာ။ အဲ့မှာကားနှစ်စီးနဲ့ ပွိုင့်ပေါ်တည့်တည့်လာရပ်လို့ဆွဲချလိုက်တာပါ။”ဟု PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

ရုပ်အလောင်းများအား ထပ်ပုံထားသည်ဟုဆိုပြီး ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။