Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် အမျိုးသမီးနှစ်ဦးဆိုင်ကယ်စီးလာ၍ စစ်ကောင်စီတပ် လိုက်လံပစ်ခတ်

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူမြို့တွင် ဆိုင်ကယ်စီးနင်းမှု ကန့်သတ်မှုမပြုမီက မြို့အဝင်လမ်းပေါ်၌ သွားလာနေကြစဥ်၊ ဓာတ်ပုံ-Cj
ပခုက္ကူမြို့တွင် ဆိုင်ကယ်စီးနင်းမှု ကန့်သတ်မှုမပြုမီက မြို့အဝင်လမ်းပေါ်၌ သွားလာနေကြစဥ်၊ ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက နံနက် ၈ နာရီခန့်က အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာသည်ဟုဆိုကာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆိုင်ကယ်စီးနင်းချိန်နှင့် တစ်ဦးတည်းသာစီးနင်းရန် စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားသော ပခုက္ကူမြို့တွင် ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက်၇နာရီခန့်က ပခုက္ကူမြို့ ရွှေချောင်းအဝိုင်းအနီး အမျိုးသမီးနှစ်ဦးဆိုင်ကယ်စီးလာ၍ စစ်ကောင်စီ၏ စစ်သားနှင့်ရဲများက ရပ်ခိုင်းရာ မရပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးက ပခုက္ကူကျွန်းဘက်ကလို့ သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ပစ်ခတ်ခံရသော အမျိုးသမီးနှစ်ဦး၏ နောက်ဆုံးအခြေအနေကို ထပ်မံမသိရသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ဆိုင်ကယ်စီးနင်းမှုကန့်သတ်လိုက်ခြင်းကြောင့် ပခုက္ကူဒေသခံအများအပြား အခက်အခဲတွေ့နေရသည်။

“စျေးဝယ်လဲ မလာကြတော့ဘူး။ ၈ နာရီကျရုံးချိန် သင်တန်းချိန်ဖြစ်နေတော့ လာဝယ်မစားကြတော့ဘူး။ တကယ်ဒုက္ခရောက်တယ်။ ကလေးတွေအကြိုအပို့ ဆိုင်ကယ်နဲ့သွားမရတော့ဘူး။ စျေးသမားတွေအကုန်လုံးပဲ အခက်တွေ့ကုန်ပြီ။”ဟု ပခုက္ကူမြို့ခံစျေးသည်တစ်ဦးက ပြောသည်။

ပခုက္ကူမြို့တွင် စစ်ကောင်စီလက်အောက်ခံများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရ၍ နိုဝင်ဘာ ၂၄ ရက်ကစတင်ကာ မြို့နယ်အတွင်း ဆိုင်ကယ်နှစ်ယောက်မစီးရန်၊ ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။