Connect with us

Hi, what are you looking for?

သတင်း

စပါးပေါ်ချိန် ထီးချိုင့်နယ်က ရွာများကို မီးလာရှို့သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကောင်စီတပ်သည် ထီးချိုင့်ဒေသ ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးရန် တမင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)
(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)

▪︎စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်၍ တော်လှန်ရေးရဲဘော် ၅ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှကျေးရွာများကိုမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်လာကြောင်း ထီးချိုင့်မြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၅ရက်တွင် ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာအုပ်စု ဆူးပုတ်ချောင်ရွာကို မီးရှို့သည့် စစ်ကောင်စီတပ်ကို ကသာခရိုင် တပ်ရင်း(၁)၊ ထီးချိုင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)
(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)

“အိမ်ခြေ ၅၈အိမ်ခန့်ရှိတဲ့ ရွာကို သူတို့ အားလုံး အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ ၃၅အိမ်ရှို့သွားတယ်။ ဘာမှ မရလိုက်ပါဘူး။ အခုလက်ရှိမှာ အင်ကြင်းကုန်းကျေးရွာကို စတင်ပြီး မီးရှို့နေပါပြီ။ ထိတွေ့မှုကရှိနေပါတယ်။ ထိတွေ့မှု ရှိတဲ့အခါ ကသာ တပ်ရင်း ရင်း(၁)နဲ့ ထီးချိုင့်မြို့နယ် နယ်မြေခံ ပကဖနဲ့ တပ်မဟာ(၉)က တချို့တဝက်နဲ့ အဲဒီမှာ ခုခံစစ်နဲ့ လုပ်နေပါတယ်။ မနေ့ညနေ ၅နာရီခွဲ ၆နာရီခန့်အဲဒီကြားမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ အလယ်တောကျေးရွာ ဘုရားတောင်ကုန်းပတ်ချာကို ၁၀လုံး ပစ်သွားပါတယ်။ ၅ခေါက် ပတ်ပြီးတော့ ။ တစ်ခါပစ်ရင် နှစ်လုံးနှုန်းနဲ့” ဟု မြို့နယ် ပအဖ အဖွဲ့ဝင် Wဒီးဒန်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ၅ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်း ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါပေမဲ့အသက်အန္တရာယ်တော့ ယနေ့အချိန်ထိ မစိုးရိမ်ရသေးပါဘူး။ သူတို့ ဘက်က ထိခိုက်မှုက သွားပြီး သတင်းယူလို့မရတဲ့အခြေအနေပါ” ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။

​ဒေသခံအချို့က တိုက်ပွဲတွင်စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများ​ကြောင်း ၊အထိနာ၍ ​လေ​ကြောင်းမှပစ်ကူသုံးခြင်းဖြစ်​ကြောင်း​ပြောသည်။

(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)
(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)

စစ်ကောင်စီတပ်သည် ထီးချိုင့်ဒေသ ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးရန် တမင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

“ဒီအချိန်ဟာ ကျနော်တို့ နယ်မြေဒေသရဲ့ စပါးရိတ်သိမ်းချိန်ဖြစ်ပါတယ်။အခုမီးရှို့သွားတဲ့ဟာဆိုရင်စပါးတွေတင်းထောင်ချီပြီးတော့ ပါကြပါတယ်။ စပါးကျီတွေထဲမှာ။သူတို့ စီမံကိန်း ချပြီး စပါးရိတ်သိန်းချိန်နဲ့ ချိန်ပြီးတော့မှ ကျနော်တို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကိုကြုံအောင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့လာပြီး မီးရှို့တာပါဗျ။ ဒီအချိန်ဟာစပါးရိတ်သိမ်းပြီး စပါးကျီထဲကို သွင်းကြတဲ့အချိန်။ ကျနော်တို့ နိုင်ငံအတွင်းမှာ ဒီလိုမျိုးတွေ ဖြစ်ပျက်နေတာကြီးကို ကမ္ဘာက ဒီအတိုင်းထိုင်ကြည့်နေကြတော့ မှာလားဆိုတဲ့စကားလေးကို အထူးပါးချင်ပါတယ်ဗျ” ဟု မြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။