Connect with us

Hi, what are you looking for?

သတင်း

မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်ကို စစ်​ကောင်စီက ​ထောင် ၂၆ နှစ်ချ

“စစ်ကောင်စီက သူတို့နိုင်မယ်အထင်နဲ့ မတရားပြစ်ဒဏ်ချနေတာ။ အဲ့ဒီအကြွေးတွေ ပြန်ယူမှာ။ စစ်တပ် ကျရှုံးရမယ်” ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်
မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်

မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဒေါက်တာဝေလင်းအောင်ကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက်တစ်နှစ်​ခန့်အကြာတွင်ယနေ့(နိုဝင်ဘာလ ၂၈)ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်သည်။

​ဒေါက်တာဝေလင်းအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အပါအဝင် ပုဒ်မ လေးခုဖြင့် စစ်​ကောင်စီ၏ မြဝတီခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက သူတို့နိုင်မယ်အထင်နဲ့ မတရားပြစ်ဒဏ်ချနေတာ။ အဲ့ဒီအကြွေးတွေ ပြန်ယူမှာ။ စစ်တပ် ကျရှုံးရမယ်” ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

​ဒေါက်တာဝေလင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု ယှဥ်ပြိုင်အနိုင်ရရှိခဲ့သည်။ စစ်တပ်ကအာဏာသိမ်းသည့်အခါ စစ်​အာဏာရှင်ဆန့်ကျင်​ရေး၊တော်လှန်ရေးကိုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် ရောက်ရှိနေစဥ် ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်၌ စစ်ကောင်စီတပ်ကအင်အားအများအပြားဖြင့် လေးကေ့ကော်ကို စီးနင်းပြီး ဒေါက်တာဝေလင်းအောင်အပါအဝင် တော်လှန်ရေးအင်အားစုဝင် ၂၀ ကျော်ကို ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။