Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ သုံးရက်ဆက်တိုက်ခိုက်

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - မြိတ်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - မြိတ်(ပကဖ)

တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူပေါင်းပြီး သုံးရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(မြိတ်)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းတွင် ပျူစောထီးများပါဝင်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့က နိုဝင်ဘာ ၂၅ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့ သုံးရက်ဆက် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်(ပကဖ)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။

ယင်းတိုက်ခိုက်မှုကို တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ PDFတပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ မြိတ်(ပကဖ)နှင့် ကျွန်းစု(ပကဖ)တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဦးဆောင်တဲ့အဖွဲ့က တနင်္သာရီပြောက်ကျားအဖွဲ့”ဟု မြိတ်(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

မြိတ်(ပကဖ)က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးကျည်ဆံများလည်း သိမ်းစည်းရမိသည်ဟု ထုတ်ပြန်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားများတွင် တိုက်ခိုက်ရေးတပ်သားများမဟုတ်သည့် အမြှောက်တပ်သားများ၏ ယူနီဖောင်းများလည်းပါဝင်သည်။

“စကစအလောင်းတွေ သယ်ယူနေကြလို့ ခဏနားနေတယ်”ဟု တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဆက်ဖြစ်နိုင်ချေရှိပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်မွှေနှောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။