Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ သုံးရက်ဆက်တိုက်ခိုက်

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - မြိတ်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - မြိတ်(ပကဖ)

တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူပေါင်းပြီး သုံးရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(မြိတ်)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းတွင် ပျူစောထီးများပါဝင်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့က နိုဝင်ဘာ ၂၅ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့ သုံးရက်ဆက် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်(ပကဖ)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။

ယင်းတိုက်ခိုက်မှုကို တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ PDFတပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ မြိတ်(ပကဖ)နှင့် ကျွန်းစု(ပကဖ)တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဦးဆောင်တဲ့အဖွဲ့က တနင်္သာရီပြောက်ကျားအဖွဲ့”ဟု မြိတ်(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

မြိတ်(ပကဖ)က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးကျည်ဆံများလည်း သိမ်းစည်းရမိသည်ဟု ထုတ်ပြန်ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားများတွင် တိုက်ခိုက်ရေးတပ်သားများမဟုတ်သည့် အမြှောက်တပ်သားများ၏ ယူနီဖောင်းများလည်းပါဝင်သည်။

“စကစအလောင်းတွေ သယ်ယူနေကြလို့ ခဏနားနေတယ်”ဟု တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဆက်ဖြစ်နိုင်ချေရှိပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်မွှေနှောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook