Connect with us

Hi, what are you looking for?

သတင်း

PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး

ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူး​ပေါင်းအဖွဲ့အား​ကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး
PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး

▪︎ကချင်ပြည်နယ်တွင် KIA နှင့် PDF အား​ကောင်းပြီး ယင်းတို့နှင့်အလိုက်အထိုက်ဆက်ဆံခြင်းအ​ပေါ် စစ်​ကောင်စီတပ်က အနိုင်ကျင့်မှုဟု ရဲအရာရှိအချို့​ပြော

မိုးညှင်းမြို့နယ် နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦးကို PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီကနိုဝင်ဘာ၁၅ရက်တွင် ဖမ်းဆီးထားပြီး ယင်းလုပ်ရပ်သည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟု ​ရဲအရာရှိအချို့က ပြောသည်။

နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလလယ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်အထိပြန်မလွှတ်​သေး​ပေ။

” PDF နဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ။ စစ်ကြောရေးကိုပို့ထားတယ်လို့ပဲသိရတယ်။ သတင်းအစအနလည်းပျောက်နေတယ်” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက People’s Spring သို့ ဆက်သွယ်ပြောဆိုသည်။

ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်သည်ဒီဇင်ဘာလ ၁ရက်အထိ ပြန်လွတ်မလာသေးပေ။အကြောင်းပြချက် မခိုင်လုံဘဲ ရဲအရာရှိနှစ်ဦးအား စစ်ကောင်စီတပ်က ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟုရဲအရာရှိအချိုက​ပြောသည်။

Public Service Announcement

Public Service Announcement

“ကချင်ပြည်နယ်မှာ လူတိုင်း KIA ထောက်ခံတယ်။ PDF ထောက်ခံတယ်။ ကျွန်တော်တို့လည်း အလိုက်အထိုက်ပေါင်းရတာတွေရှိတယ်။ ဒါကို မစာနာဘဲ အနိုင်ကျင့်တာမျိုးတော့ လက်ခံလို့မရဘူး။ ဟို ဂျပုမင်းအောင်လှိုင်အာဏာရူးတာကို အောက်ကကောင်တွေက ကြမ်းချင်တိုင်း ကြမ်းပြနေတာ” ဟု ဒုရဲအုပ်အဆင့်ရှိရဲတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူး​ပေါင်းအဖွဲ့အား​ကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

လတ်တလောတွင် KIA PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီသည် ဖားကန့်တွင် စစ်ရေးတင်းမာနေသည်။ ဖားကန့်မြို့နယ် အခြေစိုက် ၊ KIA တပ်မဟာ(၉ )ကအများပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးအဆောက်အဦးများ၊ ကျောင်းများတွင် စစ်ကောင်စီစစ်သားများ ခေတ္တနားနေခြင်း၊ ညအိပ်ခြင်းများ ခွင့်မပြုရန် ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။