Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်အတက်လမ်းမှာ စစ်ကားမိုင်းဆွဲခံရ

မနေ့က နေ့ခင်းပိုင်း ၃ နာရီမထိုးခင်မှာ မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်း သမ္မတောရွာနဲ့သန့်စင်ကုန်းရွာကြား စစ်ကားမိုင်းဆွဲခံရတာပါ။

ပြင်ဦးလွင်အတက်လမ်းမှာ စစ်ကားမိုင်းဆွဲခံရ
ပြင်ဦးလွင်အတက်လမ်းမှာ စစ်ကားမိုင်းဆွဲခံရ

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် DSA စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ တက်ဖို့ ပြင်ဦးလွင်ကိုရောက်နေချိန် မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်းမှာ စစ်ကား မိုင်းဆွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

မနေ့က နေ့ခင်းပိုင်း ၃ နာရီမထိုးခင်မှာ မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်း သမ္မတောရွာနဲ့သန့်စင်ကုန်းရွာကြား စစ်ကားမိုင်းဆွဲခံရတာပါ။

မိုင်းဆွဲခံရတဲ့ နေရာဟာ မန္တလေး ဘက်ခြမ်း အထွက် မှာဖြစ်တာလို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးနဲ့ အာဏာရှင် ရှင်းလင်းသုတ်သင်ရေး ( မြေခွေးအဖွဲ့) က လုပ်ဆောင်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ NGU:FF (မြွေခွေးအဖွဲ့) တာဝန်ခံက ပြောပါတယ်။

“မန္တလေးဘက်ကိုဆင်းလာတဲ့ကားပါဗျ။ မအလ က မေမြို့မှာ မနေ့ကပဲ DSA သင်တန်းဆင်းပွဲမှာ ရောက်နေတာပါ။ သူရောက်နေတုန်းလုပ်ခဲ့တာပါဗျ။ ​ွေးကားရှေ့ခေါင်းခန်းကိုကွက်တိမိပြီးရှေ့ခေါင်းခန်းက ​ွေး၂ကောင်သေချာပေါက်သေပါတယ်။ ကားကအဲ့နေရာတင်ထိုးရပ်သွားတာဆက်မသွားနိုင်ဘူး။”ဟု ၎င်းတာဝန်ခံက People’s Spring ကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သပ်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမတွေ့ရပါဘူး။

“မြေတောင်တုန်တယ်တဲ့။ အသံတော်တော်ကျယ်တယ်ပြောတယ်။”လို့ဒေသခံတစ်ဦးကလည်းပြောပါတယ်။

မန္တလေးမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ရောက်နေချိန် မန္တလေးနဲ့ ပြင်ဦးလွင် ကို လုံခြုံရေးစည်းတင်းကျပ်ထားတဲ့ကြားထဲက အခုလို စစ်ကား မိုင်းဆွဲခံရတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ကျဆုံးခဲ့တဲွမြေခွေးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုကျော်နဲ့ တပ်စိတ်မှူး ရဲရဲတို့ ကျဆုံးမှုတစ်နှစ်ပြည့်အဖြစ် လက်တုံ့ပြန်တိုက်ခိုက်တာခြင်းကြောင်း NGU:FF (မြွေခွေးအဖွဲ့)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။