Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့အဝင်တွင် ပစ်ခတ်မှုဖြစ်ပွားနေ၍ ဖြတ်သန်းသွားလာမှုမလုပ်ကြရန် ပကဖ သတိပေး

မုံရွာတောင်ပိုင်း မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ဂိတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၊ ရေဦးဆန်ဆိုင်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားနေ၍ ဖြတ်သန်းသွားလာမှု ခေတ္တရပ်ဆိုင်းထားရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၅ရက်)နံနက် ၁၀နာရီ ၂၆ မိနစ်ခန့်ကစ၍ မုံရွာ – မန္တလေးလမ်းပေါ်၊ ရေဦးဆန်ဆိုင်ဂိတ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် မုံရွာဘိုးဘွားရိပ်သာအဝိုင်းပတ်မှ မအူစစ်ဆေးရေးဂိတ်အထိ လမ်းမကြီးတစ်လျှောက် သွားလာအသုံးပြုခြင်းများ မပြုလုပ်ရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က သတိပေးသည်။

Public Service Announcement
Public Service Announcement

“ခုထိပစ်နေကြတုန်းပဲ။ အသွားလာ ဆင်​​ခြင်ပေးကြပါ။”ဟု မုံရွာနယ်ခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ထပ်မံစုံစမ်းနေပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

မုံရွာတောင်ပိုင်း မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။