Connect with us

Hi, what are you looking for?

သတင်း

နီပေါကျောင်းသားများက သေဒဏ်ချမှတ်ခံထားရသည့် မြန်မာကျောင်းသားများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒပြ

ယမန်နေ့တွင် နီပေါကျောင်းသားသမဂ္ဂမှ ကျောင်းသားများက မြန်မာစစ်တပ်၏ မတရားသဖြင့် သေဒဏ်များ စီရင်နေသည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ
ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ

နီပေါနိုင်ငံရှိ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလူငယ်များက ယမန်နေ့ (ဒီဇင်ဘာ ၅)တွင် မြန်မာနိုင်ငံရှိ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး အပါအဝင်ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူများနှင့်အတူရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြန်လည် ဖော်ပြသည်။

ယမန်နေ့တွင် နီပေါကျောင်းသားသမဂ္ဂမှ ကျောင်းသားများက မြန်မာစစ်တပ်၏ မတရားသဖြင့် သေဒဏ်များ စီရင်နေသည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့် ကျောင်းသားအချို့ကို နီပေါရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခံရမှုလည်း ရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်း မြန်မာစစ်အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်က ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့်ကိုခန့်လင်းမောင်မောင် တို့ကို မတရားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။