Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့တိုက်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာဖြင့် ရဲဘော်ဂျေရိုမ်း ကျဆုံး

“နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ရဲဘော်ဂျေရိုမ်း အဆိုပါဒဏ်ရာဖြင့်ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၄)က ယနေ့(ဒီဇင်ဘာ ၈ ရက်)ထုတ်ပြန်သည်။

“နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကာလတစ်လျှောက် KNDF တပ်ရင်း (၄)၏ ပထမဆုံးကျဆုံးခဲ့ရသော ရဲဘော်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရဲဘော်ဂျေရိုမ်း ဒဏ်ရာရကျဆုံးခဲ့ရသည့် တိုက်ပွဲမှာ ဒီဇင်ဘာ ၄ ရက်က ဖရူဆိုမြို့တွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

စစ်အာဏာရှင်ကိုတော်လှန်ရင်း မြင့်မြတ်စွာကျဆုံးခဲ့သော ရဲဘော် ဂျေရိုမ်းအား ကရင်နီအမျိုး သားများကာကွယ်ရေးတပ် တပ်ရင်း(၄)မှ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်မှုများနေသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင်လည်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း(၆)က သီး ခြားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။